ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်မှာ မြို့ခံပြည်သူတွေ၊ Non CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံချိန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြစ်ဆုံတမံတည်ဆောက်မှု ဒီဇိုင်းကို မူလက ငလျင်ဒဏ် ၇.၁ မဂ္ဂနီကျုနဲ့ တွက်ချက်ထားပေမယ့် စစ်ကိုင်းငလျင်ပေါ် အခြေခံပြီး ငလျင်ဒဏ်ပိုခံနိုင်တဲ့ ဒီဇိုင်းနဲ့ ပြောင်းလဲတည်ဆောက်မှာဖြစ်ပြီး တမံဒီဇိုင်းသစ်ကို Asia Charter Professional Engineer (ACPE) အဖွဲ့က အကြံပြုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ မူလ လျှပ်စစ်ထုတ်လုပ်မှု ၆၀၀၀ မဂ္ဂါဝပ်ကနေ ၄၀၀ လျှော့ချကာ ၅၆၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံ သုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်” လို့ ပြန်လည်စတင်မယ့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စိုးဝင်းက ပြောပါတယ်။

အဆိုပါ စီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်မရှိတဲ့အတွက် ပညာရှင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံနေရာဟာ ဧရာဝတီမြစ် စတင်ရာ နေရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားရတဲ့ မြစ်ကြီး ပျက်စီးမှာကိုလည်း ပြည်သူလူထုက စိုးရိမ်ကြပါတယ်။

ရေကာတာ ဆောက်လုပ်လိုက်ရင် ရေကြီးရေလျှံမှု အန္တရာယ်တွေ၊ မြစ်အောက်ပိုင်း ရေကြောင်းပုံစံ ပြောင်းလဲနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေအပြင် ဇီဝမျိုးစုံမျိုးကွဲတွေ၊ ရှားပါးမျိုးစိတ်တွေ နေထိုင်ကျက်စားရာ နေရာတွေ ပျက်စီးနိုင်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွား ယဥ်ကျေးမှုတန်ဖိုးတွေ ထိခိုက်နစ်နာစေတာမို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကတော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတွင် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းပြေးသည့်ကားအောက် ညပ်ပါသွားသော အမျိုးသမီး အသက်ရှင်

“မျက်မြင်တွေ့လိုက်တဲ့ ကောင်မလေးကလည်း သူ့ကို အန္တရာယ်ပြုမှာစိုးလို့ ဘာမှ မပြောရဲဘူး ဖြစ်နေတာပေါ့နော် အခုအခြေအနေက။ ဖြစ်သွားတဲ့ အချိန်ကလည်း လူရှင်းချိန်ဖြစ်နေပြီ။ အတိုက်ခံရသူ အမျိုးသမီးကတော့ ဘာထွက်ဝယ်တာလဲ မသိဘူး။ သူ့မှာ ထီးလည်းပါတယ်၊ မိုးနည်းနည်းကျနေတော့ ထီးတွေလည်း စုတ်ပြတ်သွားတယ်” လို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်းဆင်းပွဲ

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ် အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁၀ ယောက်သေ၊ တိုက်ခိုက်ခံရလို့ မောင်းပြေးရင်း ကား ချောက်ထဲကျပြီး ၁၂ ယောက် ထပ်သေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။