စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၅ရက်က မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်ကနေ အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့ကာ စုဖွဲ့မှုပျက်ပြီး စွမ်းရည်ထက်ဆီဆိုင်ဂိတ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ် ထိခိုက်မှု အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Thanlarwaddy Column-BLDF

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်း၊ စစ်သားနှင့် ပျူ ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။
Read More

ကနီနဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရေယာဉ်အုပ်စုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက် (ရုပ်/ သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြားမှာ စစ်ကောင်စီရဲ့ ရေယာဉ် ၉ စီးအုပ်စုကို စက်တင်ဘာ ၁၈ ရက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ ထံက သိရပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။