မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ် မင်းလက်ပံရှိ Shunda Park ကို ကော်သူးလေရဲ့ တရားရေးစနစ်နဲ့အညီ ချိတ်ပိတ်လိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ခြံဝင်းအတွင်းရှိ သက်သေခံအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။

ခြံဝင်းအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ငွေလိမ်လုပ်သားတွေ ကင်းစင်သွားပြီဖြစ်တာမို့ အခုလို ချိတ်ပိတ်လိုက်တာဖြစ်ပြီး Shunda Park နေရာမှာ ဘယ်ဒုစရိုက်လုပ်ငန်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထပ်မံ အသုံးပြုတာမျိုး လုံးဝမရှိ‌စေဖို့ သတ်မှတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ဤနေရာတွင် ရာဇဝတ်လုပ်ငန်းအတွက် ပြန်လည်အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်မည်ဖြစ်ကာ ပြင်း ထန်သော ပြစ်မှုအဖြစ် သတ်မှတ်၍ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်” လို့ KNU ဗဟိုက ဆိုပါတယ်။

ချိတ်ပိတ်သိမ်းလိုက်တဲ့ Shunda Park ခြံဝင်းနေရာကို အနာဂတ်မှာ အများပြည်သူအကျိုးစီးပွားအတွက်သာ အသုံးပြုစေရမယ်လို့ ဆိုပါတယ်။ အဲဒီလို အသုံးပြုဖို့အတွက် သက်ဆိုင်ရာ ဒေသခံပြည်သူ၊ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ပွင့်လင်းမြင်သာစွာ၊ တာဝန်ခံမှု တာဝန်ယူမှုရှိစွာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

“လုံခြုံရေးနှင့်နိုင်ငံရေး တည်ငြိမ်မှု များရှိလာပါက ၎င်းနေရာကို ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနှင့်မဟာဗျူဟာလေ့လာရေး စသည့် ဘာသာရပ်များကို အထူးပြု သင်ကြားပေးသော အဆင့်မြင့် ပညာရေး ပရဝုဏ်တစ်ခုအဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက် ထားရှိရမည်” လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ မင်းလက်ပံ Shunda Park အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်မှာ စတင်ရှင်းလင်းခဲ့ပြီး ၃ ပတ်ကျော်အကြာမှာ ခြံဝင်းအတွင်းရှိ လူကုန်ကူးခံရသူတွေ အပါအဝင် လိမ်လည်လုပ်သားတွေအားလုံး အပြီးသတ်ထွက်ခွာနိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး ခြံဝင်းအတွင်း နှစ်အတော်ကြာလည်ပတ်ခဲ့တဲ့ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခြံဝင်းအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း စတဲ့ နည်းပညာဆိုင်ရာ သက်သေခံပစ္စည်း တွေကိုလည်း သက်ဆိုင်ရာအွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အာဏာပိုင်တွေဆီ လွှဲ ပြောင်းပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ခြံဝင်းအတွင်း ကျန်ရစ်တဲ့ အဆောက်အဦး၊ ကား၊ မီးစက် စတဲ့ ရုပ်ဝတ္တုပစ္စည်းအားလုံးရဲ့ စာရင်းကိုလည်း အပြီးသတ် ကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အရေးယူမှုတွေဟာ KNU အနေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို တားဆီးနှိမ်နင်းတာ၊ အရေးယူတာ၊ လူသား ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းတာ၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး မြှင့်တင်တဲ့ လုပ်ငန်း တွေကို သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ ကတိကို ထင်ဟပ်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး အယောက် ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။