မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေစက်တော်ဘုရားဖွင့်ပွဲအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို မန်းချောင်းအနောက်ဘက် ကုတင်ကုန်းရွာအနီးနဲ့ လက်ပတောရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ အနည်းဆုံး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ရွှေကြောင်းရွာနဲ့ ကူရွာနေ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 Video – မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ် စစ်တပ်အခြေစိုက်စခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ရှေ့ထွက်တစ်ဖက်ဖွင့် မိုင်းပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area 71 PDF Monywa က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေအတွင်း ငလျင်ဒဏ်သင့် ပြည်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေး (ရုပ်/သံ)

ပဲခူးတိုင်းရှိ PDF စိုးမိုးနယ်မြေတွေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူပိုင်နေအိမ်တွေနဲ့ အပျက်အစီးတွေ၊ လိုအပ်ချက်တွေကို နေ့စဉ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်နှင့် ပေါက်နယ်အစပ်တွင် စက်တပ်လေထီး လာရှာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ် ၃ ဦး အလင်းဝင် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာ ပစ်ချခဲ့ရတဲ့ စက်တပ်လေထီးကို လာရှာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးကာ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် ၃ ယောက် လက်နက်နဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။