တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

ဒီစစ်ဆင်ရေးဟာ စစ်တပ် ဦးစီးကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရေဖြူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တပြိုင်တည်းမှာပဲ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရား စစ်တပ်ယာယီစခန်းတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လေ… အဲဒါကြောင့် ပြင်ဆင်မှုတွေတော့ ရှိပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ လက်နက်ကြီး လက်နက်ငယ် အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ သေဆုံးတွေ အတိအကျတော့ မသိပါဘူး။ ခန့်မှန်းခြေ ၂၀လောက်တော့ ရှိမယ်ထင်တယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ABC က မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့သလို အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေး ယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းက နေရာတချို့ကိုလည်း မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တပ်က ရေဖြူမြို့မှာ အင်အားတွေ အများကြီး ထပ်တိုးထားကာ ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ 

“ဒီထက်မက ကြိုးစားသွားပါမယ်။ ပြည်သူတွေ လိုချင်တဲ့အရာကို ကျနော်တို့ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင် ကျရှုံးရေးအထိ ကြိုးစားသွားပါ့မယ်။ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ အပ်နိုင်အောင်လည်း ကြိုးစားသွားပါ့မယ်” လို့ ရဲဘော် ABC က ဆိုပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်နေ အရပ်သားပြည်သူ ၁၀၀၀ ကျော် ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်က ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါး၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

ရန်ကုန်တိုင်းအတွင်း တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျ​နေတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စွဲထားသည့် နေရာကို ချင်းညီနောင် တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း များစွာနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူ ကိုထိန်လင်း နဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ လန်ဒန်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။