တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် ခမရ (၅၅၇)တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ယောက်ဟာ တနင်္သာရီတိုင်းစစ်ဌာန၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့နဲ့ ဆက်သွယ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ 

အလင်းဝင်ရောက်လာသူတွေထဲမှာ ဒုတပ်ကြပ် အဆင့်ရှိသူ ၁ ယောက်နဲ့ ပြည်သူ့စစ်မှုထမ်း ၂ ယောက် ပါဝင်ပြီး သူတို့နဲ့အတူ MA-4 သေနတ် (၁) လက်အပါအဝင် MA-3 သေနတ် (၂) လက်၊ ၄၀ မမ ကျည် (၂၅)လုံး၊ ၅.၅၆ ကျည် (၃၄၄) တောင့်နဲ့ ကျည်ဘောက် (၁၁) ခု ကိုပါ တပါတည်း ယူဆောင်လာကြတာဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးနယ်မြေအမှတ်(၁) စစ်ဆင်ရေးမှူး ရဲဘော်စောရှားအပါအဝင် တနင်္သာရီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတားနဲ့ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့က လက်ခံကြိုဆိုခဲ့ကြပြီး အမှတ် (၃၅) နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံ ရဲဘော်ဗီနိုနဲ့ တနင်္သာရီပကဖ တောင်ပံနီ(ဇုန်-၄) တာဝန်ခံ ရဲဘော်ဂျက် တို့က  ဂုဏ်ပြုချီးမြှင့်ငွေတွေ အသီးသီးပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းစစ်ဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေဆီ ပူးပေါင်းအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားအရေအတွက် ရာနဲ့ချီရှိနေပြီဖြစ်ပြီး အလင်းဝင်ရောက်လာသူတွေကို နွေးနွေးထွေးထွေး ကြိုဆိုနေကြောင်းနဲ့  လက်နက်နဲ့တကွ လာရောက်ရင် ဂုဏ်ပြုချီးမြှင့်တာတွေပါ လုပ်ဆောင်ပေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။