မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုထက်မြတ်အောင်ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို ဖမ်းဆီးသွားတယ်ဆိုတာကို ဖော်ပြမထားပေမယ့် မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရစဉ် ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသလို အသက်အန္တရာယ်ကိုပါ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကိုထက်မြတ်အောင်ဟာ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ရင် အကြမ်းဖက်စစ်တပ်အနေနဲ့  လုံးဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။ 

အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ GSCB)

ကိုထက်မြတ်အောင် ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့  အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့ ဈေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ လူထုတရပ်လုံး အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ဆန္ဒပြမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက် စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုထက်မြတ်အောင် အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ အမှုဖွင့် ဆုငွေထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တာချီလိတ်တွင် ယာဥ်တိုက်မှုအပြီး မောင်းပြေးသည့်ကားကြောင့် သားအမိ ၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရမှုအတွက် ၆နှစ် ကလေးငယ်အပါ ၁၆ ဦးကို ဆက်စပ်တရားခံများအဖြစ် စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

သံအမတ်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ၆နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၆ ‌ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားကြောင်း မနေ့က ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီ  တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လိုက်တာဟု TNLA ထုတ်ပြန်

စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ် ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လက်​အောက်ခံဝန်ထမ်းများ ထွက်ပြေးသွားသည့် မြေစာရင်းရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။