မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုထက်မြတ်အောင်ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို ဖမ်းဆီးသွားတယ်ဆိုတာကို ဖော်ပြမထားပေမယ့် မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရစဉ် ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသလို အသက်အန္တရာယ်ကိုပါ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကိုထက်မြတ်အောင်ဟာ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ရင် အကြမ်းဖက်စစ်တပ်အနေနဲ့  လုံးဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။ 

အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ GSCB)

ကိုထက်မြတ်အောင် ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့  အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့ ဈေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ လူထုတရပ်လုံး အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ဆန္ဒပြမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက် စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုထက်မြတ်အောင် အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ အမှုဖွင့် ဆုငွေထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်များအတွက် လှူဒါန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် ကလလတ ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဗျူဟာ၂ ၊ တပ်ရင်းအမှတ် ၉၄၂၁ တပ်ရင်းက ဆေးမှူးနဲ့အတူ ရဲဘော်ရဲမေတွေ၊ တပ်ရင်းအမှတ် ၉၄၂၅ က ရဲဘော်ရဲမေတွေဟာ ကရင်နီပြည်ရှိ စစ်ရှောင်စခန်း တစ်ခုဆီ အဝတ်အထည်တွေ လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုအားကောင်းရာ ဆင်လူးရွာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်က ၁ ယောက် သေပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုအားကောင်းရာ ဆင်လူးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှောင်တိမ်းနေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံများစွာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကော်သူးလေနိုင်ငံတော်ထူထောင်မှု ကရင့်တော်လှန်ရေးနှင့် ကရင့်အမျိုးသား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ် သည့် လုပ်ရပ်ဟု KNU ဆို

ကော်သူးလေ အစိုးရကိုဖွဲ့စည်းပြီး ကော်သူးလေးနိုင်ငံတော် ထူထောင်တယ်လို့ ကြေညာခဲ့တဲ့ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ လုပ်ရပ်ဟာ ကရင့်တော်လှန်‌ရေးနဲ့ ကရင့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာသာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။ 
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။