ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး အပါအဝင် ရခိုင်ပြည်နယ်တဝှမ်း အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တပ်နဲ့ အပစ်ရပ်ထားကြတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် လူသားချင်းစာနာထောက်ထားသော၊ ယဥ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ အစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” လို့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ၏ မိသားစုဝင်များ (ဓာတ်ပုံ WaiHunAung)

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ ပြည်သူလူထုအပေါ် နေ့စဥ်ရက်ဆက် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်မှာ စစ်တပ်က မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးကုသမှု ခံယူနေတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ စုစုပေါင်း ၃၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၈၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။

အလားတူ နောက်တစ်ရက် ဒီဇင်ဘာ ၁၁ ရက်မှာလည်း ကျောက်ဖြူမြို့နယ် ငလုံးစု အထက်ရွာနဲ့ အောက်ရွာတို့ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ယောက်သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်းမှာ တရားမဝင်ဖွင့်ထားသည့် မြန်မာသီးသန့်ဘား အဖမ်းခံရ၊ မူးယစ်ဆေးနှင့် လက်နက်များပါ ဖမ်းမိသည်ဟု ဆို

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ မဟုာချိုင်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် ဘား၊ ကာရာအိုကေနဲ့ ဘိလိယပ်ခုံတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ဖော်ပြထားပါတယ်။