အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပြီး စတင်ခဲ့ချိန်ကအတိုင်း စစ်အုပ်စုကို ဘုံရန်သူအဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်တာ စစ်ရေးအတွေ့အကြုံတွေထဲ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်ရေးအတွေ့အကြုံတွေကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ အခု ၄ နှစ်တာကာလရှိလာပြီးတဲ့တိုင် ကျနော်တို့ရဲ့ ရှုမြင်ပုံဟာ အရင်ကနဲ့ မကွာခြားသွားပါဘူး။ စစ်တပ်ကို ဘုံရန်သူအဖြစ် ရန်ငါ ပြတ်ပြတ်နဲ့ ဆက်လက်တိုက်ခိုက်နေကြပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းတောင်ဘက်ခြမ်းမှာ အဓိကလှုပ်ရှားတဲ့ PIO/PIA အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာ နယ်မြေအခြေအနေတွေနဲ့ စစ်အုပ်စု ဖိအားတွေကြောင့် သတင်းထုတ်ပြန်တာမျိုးတွေမှာ အားနည်းခဲ့ပြီး ဒီအချက်တွေကြောင့်ပဲ ခဲယမ်းအပါအဝင် တပ်လိုအပ်ချက်တွေ အချိန်မှီဖြည့်တင်းနိုင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိ မဟာမိတ်တွေနဲ့အတူတူ လှုပ်ရှားတိုက်ပွဲဝင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရန်သူ့ရဲ့ အသည်းနှလုံးနေရာတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေရှိရာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ဖြစ်ပါတယ်” လို့ PIO/PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/ PIA) ရဲ့ ၄နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ အပတ်စဥ်(၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၄ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

PIO/PIA ဟာ လက်ရှိ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ထားပြီး တပ်ပေါင်းစုအင်အားနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ဖို့ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်တော် စတင်တည်ထောင်ကတည်းက တပ်ပေါင်းစုနဲ့မှ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ယုံကြည်တဲ့အတွက်လည်း အခုတပ်ပေါင်းစုဖွဲ့တဲ့အခါမှာလည်း တက်တက်ကြွကြွပါဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကို တိုက်တဲ့အခါမှာ တစ်စုတစ်ဖွဲ့တည်းနဲ့ ဒီအချိန်မှာ ထိရောက်တဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မဟာမိတ်တပ်တွေ စုဖွဲ့ပြီးတော့ အဲ့ဒီ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ပြီး စုဖွဲ့ခဲ့ကြတာပါ” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောဖြင့် လာသည့် စစ်မှုထမ်းသင်တန်းသားများနှင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ကနေ ထားဝယ်မြစ်ကြောင်းအတိုင်း ကွန်တိန်နာသင်္ဘောနဲ့ စုန်ဆင်းလာတဲ့ စစ်မှုထမ်းသင်တန်းသားတွေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထိန်းချုပ်နယ်မြေအတွင်း ပြည်သူကို လှည့်ဖျားမည့် ရွေးကောက်ပွဲအတု မကျင်းပနိုင်ရန် ဆန့်ကျင်သွားမည်ဟု ဒူးသထူခရိုင်-ဖားအံမြို့နယ် KNU ကြေညာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် - ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။