ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်မှာ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက အဆိုပါ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူ သန်းဇော်ဟာ ကျေးရွာထဲက ကြက်ဝိုင်းကိုရောက်နေချိန် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး‌ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့ကိုရှင်းဖို့အတွက် ကျနော်တို့ အစစအရာရာ အချိန်ယူပြီး ရှင်းခဲ့ရပါတယ်။ မြို့နယ်အနီးတဝိုက် ရဲစခန်းတို့၊ တပ်တို့နဲ့ အနီးကို သွားပြီးမှ ရှင်းလင်းရေး လုပ်ဆောင်ရတာဆိုတော့ ဒုက္ခတွေတော့ ခံခဲ့ရပါတယ်။ ကြက်ဝိုင်းထဲ ဝင်ရှင်းတော့ ကျနော်တို့တွေက အနားကပ်ပြီးမှ ရှင်းတာဆိုတော့ တခြားသူတွေတော့ ထိခိုက်မှုမရှိပါဘူး။ တခြားသူတွေက ထွက်ပြေးကုန်တယ်” လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

သန်းဇော်ဆိုသူဟာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားတွေကို ရှာဖွေစုဆောင်းပေးသူဖြစ်သလို ၂လုံး၊ ၃လုံးနဲ့ ကြက်ဝိုင်းထောင်ကာ စစ်တပ်အတွက် ငွေရှာပေးနေသူလည်း ဖြစ်တာကြောင့် အကြိမ်ကြိမ်သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။

“သူက ပြည်သူတွေကို တိုင်တာတွေလည်းရှိတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ရွာထဲနေလို့မရအောင် လုပ်လို့ အကုန်လုံး တိမ်းရှောင်နေရတယ်။ သူ့ကြောင့်ပဲ ရဲဘော် ၃ဦး ဖမ်းခံရပြီး စစ်ကြောရေးမှာ ကျသွားလည်း ရှိတယ်။ သူတို့လာတိုင်သူတွေ ရှိတယ်။ အစပိုင်းက ကျနော်တို့လည်း အဲ့နားကို မကပ်နိုင်သေးဘူး။ အခု ကပ်လာနိုင်တဲ့ အချိန်မှပဲပေါ့နော်။ သူ့ကို အကြိမ်ကြိမ်သတိပေးတယ်။ အကြိမ်ကြိမ်ဆိုတာတောင် ၅ကြိမ်ထက်မနည်း ကျနော်တို့ သတိပေးထားတာ၊ အဲ့ဒါကို ဆက်လုပ်နေတာ” လို့ ရဲဘော် Shadow က ပြောပါတယ်။

၃၆၀၁ တပ်ရင်းအနေနဲ့ စစ်တပ်ထောက်တိုင် ဒလန်တွေကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ အကြိမ်ကြိမ် သတိပေးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

“မတတ်သာလို့ ဆုတ်ပေးလိုက်ရပေမယ့်လည်း MNDAA တပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးမှာ ပုံစံတစ်မျိုးနဲ့ ပါဝင်နေဦးမှာပါ။ မြေပြင်တပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်နေတာတွေရှိလို့ ကျနော်တို့ အပြစ်တင်စောလို့ မရပါဘူး”

ကိုးကန့်တပ် (MNDAA) ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လူထုထောက်ခံမှု ရရှိကာ ရှမ်းမြောက်တခွင်က မြို့နယ်တွေနဲ့ စစ်ကောင်စီရဲ့ လာရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လူ ၂၀ ကျော် သေဆုံးခဲ့သည့် ချောင်းဦးဆီမီးသပိတ်မှ သေဆုံးသူများနှင့် ထိခိုက်သည့် ပြည်သူများကို ကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးနှင့်ရိက္ခာများ မျှဝေထောက်ပံ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းဖိုရမ်ရဲ့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးဝါးနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပြည်သူတွေကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ချောင်းဦးမြို့နယ်တာဝန်ခံရဲ့ ဆေးအဖွဲ့ကလည်း ကုသပေးနေပြီး ကွန်ရက်ကနေ ကျပ်သိန်း ၂၂၅ သိန်းကျော် တန်ဖိုးရှိ ဆေးဝါးတွေ၊ ဆေးဖက်သုံးပစ္စည်းတွေနဲ့ ရိက္ခာတွေ မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။