စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကြမယ့် ပြည်သူတွေအနေနဲ့ Facebook ၊ X (Twitter) ၊ TikTok ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေမှာ “Reject Sham Election” စာသားပါ အောက်ပါဓာတ်ပုံကို Profile Picture အဖြစ် ပြောင်းလဲ အသုံးပြုရမှာဖြစ်ကြောင်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ရာ နေရာဒေသတွေက ပြည်သူတွေအနေနဲ့ ပါဝင်ဖို့ အခက်အခဲရှိတာကြောင့် လွတ်မြောက်နယ်မြေနဲ့ ပြည်ပရောက် မြန်မာတွေ၊ လုံခြုံရေးစိတ်ချရသူတွေသာ ပါဝင်ပေးကြဖို့ အသိပေးပါတယ်။

“စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံဘူးဆိုတာကို ကမ္ဘာက သိသာမြင်သာစေဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Social Media တွေမှာ Profile Picture ပြောင်းတဲ့သူ ပိုမိုများပြားလာလေလေ၊ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အသံကို ကမ္ဘာကြီးက ပိုမိုသတိထားမိလာစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လူများများပါဝင်ဖို့ အရေးကြီးပါတယ်” လို့ People Movement Platform Myanmar ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မဝတ်မှုန်က ပြောပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဆိုပါ Profile ကမ်ပိန်းကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ အရွေးကောက်ပွဲအတုပြီးတဲ့ ဇန်နဝါရီလ ၃၁ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြား သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကမ္မမြို့ပေါ်တွင် စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ် ပိတ်ဆို့ထားသည့် လမ်းများကို ပြည်သူများနှင့်အတူ တော်လှန်ရေးတပ်များ ပြန်လည်ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ်က ပိတ်ဆို့ထားတဲ့ လမ်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေတဲ့အတွက် ပြန်လည်ရှင်းလင်းပေးခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။