ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်မှာ မြို့ခံပြည်သူတွေ၊ Non CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံချိန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြစ်ဆုံတမံတည်ဆောက်မှု ဒီဇိုင်းကို မူလက ငလျင်ဒဏ် ၇.၁ မဂ္ဂနီကျုနဲ့ တွက်ချက်ထားပေမယ့် စစ်ကိုင်းငလျင်ပေါ် အခြေခံပြီး ငလျင်ဒဏ်ပိုခံနိုင်တဲ့ ဒီဇိုင်းနဲ့ ပြောင်းလဲတည်ဆောက်မှာဖြစ်ပြီး တမံဒီဇိုင်းသစ်ကို Asia Charter Professional Engineer (ACPE) အဖွဲ့က အကြံပြုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ မူလ လျှပ်စစ်ထုတ်လုပ်မှု ၆၀၀၀ မဂ္ဂါဝပ်ကနေ ၄၀၀ လျှော့ချကာ ၅၆၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံ သုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်” လို့ ပြန်လည်စတင်မယ့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စိုးဝင်းက ပြောပါတယ်။

အဆိုပါ စီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်မရှိတဲ့အတွက် ပညာရှင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံနေရာဟာ ဧရာဝတီမြစ် စတင်ရာ နေရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားရတဲ့ မြစ်ကြီး ပျက်စီးမှာကိုလည်း ပြည်သူလူထုက စိုးရိမ်ကြပါတယ်။

ရေကာတာ ဆောက်လုပ်လိုက်ရင် ရေကြီးရေလျှံမှု အန္တရာယ်တွေ၊ မြစ်အောက်ပိုင်း ရေကြောင်းပုံစံ ပြောင်းလဲနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေအပြင် ဇီဝမျိုးစုံမျိုးကွဲတွေ၊ ရှားပါးမျိုးစိတ်တွေ နေထိုင်ကျက်စားရာ နေရာတွေ ပျက်စီးနိုင်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွား ယဥ်ကျေးမှုတန်ဖိုးတွေ ထိခိုက်နစ်နာစေတာမို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကတော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။