မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေစက်တော်ဘုရားဖွင့်ပွဲအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို မန်းချောင်းအနောက်ဘက် ကုတင်ကုန်းရွာအနီးနဲ့ လက်ပတောရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ အနည်းဆုံး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ရွှေကြောင်းရွာနဲ့ ကူရွာနေ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 Video – မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း

0 Shares:
You May Also Like
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ မှ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ က တပ်စိတ်မှူး  မိုးထက်အောင် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေမှထွက်ပြေးလွတ်မြောက်လာသည့် ခမရ (၅၅၈) တပ်သား- မောင်ဖိုးကျော် ၏ပြောကြားချက် (ရုပ်/သံ)

''အသက်က (၃၅)နှစ်ပါ။ စပါးရိတ်တဲ့အလုပ်လုပ်ပါတယ်။ အုန်းသီးလည်း လိုက်ခူးပါတယ်။ ညနေပိုင်း အိမ်မှာ အိပ်နေတုန်း လာခေါ်တာပါ။ ရဲစခန်းရောက်တော့ အချုပ်ထဲမှာ ၄ရက်၊ ၅ ရက်လောက် ထည့်ထားပြီးတော့ မှတ်ပုံတင်လုပ်ပေးပါတယ်။ ပြီးတော့ စုဆောင်းရေးကို ပို့လိုက်ပါတယ်။ . . . သူတို့က ကျွန်တော်တို့ကို တန်းစီသတိဆွဲခိုင်းပါတယ်။ ပြီးတော့ ထိုးတာ ရင်အုံတွေချည်းထိုးတာ။ လက်ညောင်းသွားရင် တုတ်အစိုနဲ့ ချပါတယ်။ ကျွန်တော်တို့ တစ်ပတ်လောက် ထမင်းမစားနိုင်ဘူး''
Read More

MDY PDF အပတ်စဉ် (၁၇) အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။