တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

ဒီစစ်ဆင်ရေးဟာ စစ်တပ် ဦးစီးကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရေဖြူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တပြိုင်တည်းမှာပဲ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရား စစ်တပ်ယာယီစခန်းတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လေ… အဲဒါကြောင့် ပြင်ဆင်မှုတွေတော့ ရှိပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ လက်နက်ကြီး လက်နက်ငယ် အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ သေဆုံးတွေ အတိအကျတော့ မသိပါဘူး။ ခန့်မှန်းခြေ ၂၀လောက်တော့ ရှိမယ်ထင်တယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ABC က မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့သလို အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေး ယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းက နေရာတချို့ကိုလည်း မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တပ်က ရေဖြူမြို့မှာ အင်အားတွေ အများကြီး ထပ်တိုးထားကာ ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ 

“ဒီထက်မက ကြိုးစားသွားပါမယ်။ ပြည်သူတွေ လိုချင်တဲ့အရာကို ကျနော်တို့ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင် ကျရှုံးရေးအထိ ကြိုးစားသွားပါ့မယ်။ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ အပ်နိုင်အောင်လည်း ကြိုးစားသွားပါ့မယ်” လို့ ရဲဘော် ABC က ဆိုပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံအပ်နှံ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။