ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး အပါအဝင် ရခိုင်ပြည်နယ်တဝှမ်း အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တပ်နဲ့ အပစ်ရပ်ထားကြတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် လူသားချင်းစာနာထောက်ထားသော၊ ယဥ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ အစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” လို့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ၏ မိသားစုဝင်များ (ဓာတ်ပုံ WaiHunAung)

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ ပြည်သူလူထုအပေါ် နေ့စဥ်ရက်ဆက် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်မှာ စစ်တပ်က မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးကုသမှု ခံယူနေတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ စုစုပေါင်း ၃၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၈၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။

အလားတူ နောက်တစ်ရက် ဒီဇင်ဘာ ၁၁ ရက်မှာလည်း ကျောက်ဖြူမြို့နယ် ငလုံးစု အထက်ရွာနဲ့ အောက်ရွာတို့ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ယောက်သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျေးရွာအတွင်းကို မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေ ဖော်ပြလာပါတယ်။ အဆိုပါဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဟာ ကျေးရွာဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိသော်လည်း ကျောင်းတက်ခွင့်ရမည့် ဥပဒေသစ် အတည်ပြုထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးစုံနဲ့ ရောက်ရှိနေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ကလေးငယ်တွေအတွက် အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ပေးမယ့် ဥပဒေသစ်တစ်ရပ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းတော်ဝင်ပြန်တမ်း (Royal Gazette) က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။