ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ကရင်နီပြည်နယ်မှာ KPPA ရဲ့ ဒုတိယညီလာခံ ကျင်းပပြီးတဲ့နောက် ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလို့ သိရပါတယ်။

ညီလာခံမှာ ကရင်နီနိုင်ငံရေး အကျဉ်းသား/သူဟောင်း ၃၈ ယောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံမူဝါဒတွေကို ပြန်လည် ပြင်ဆင်၊ သုံးသပ်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေနဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတဘ်။

ဆုံးဖြတ်ချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်ရာမှာလည်း ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် အာမခံတဲ့ နိုင်ငံရေးစနစ်မှာ ပါဝင်ဆောင်ရွက်သွားမယ့်အကြောင်း ပါရှိပါတယ်။

“လွတ်မြောက်လာသူတွေကို သွားကြိုတယ်ပေါ့နော်၊ သယ်ယူပို့ဆောင်ပေးတာတွေ နေရာထိုင်ခင်းပေးတာတွေ ရှိပါတယ်။ ပြီးရင် အလုပ်အကိုင်အတွက်လည်း ချိတ်ဆက်ရှာဖွေတာတွေ ရှိတယ်။ ပညာ ဆက်လက်သင်ကြားချင်သူတွေကိုလည်း ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ နောက် စိတ်ကျန်းမာရေးပိုင်းဆိုရင်လည်း Mental Health program တွေကို ကျနော်တို့ online ကနေ ဆောင်ရွက်ပေးနေတာရှိပါတယ်” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသား/သူတွေကို စောင့်ရှောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး KPPA အတွင်းရေးမှူး ထားဖိုးက မောင်းကို ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကနေ ရှေ့လပိုင်းတုန်းက လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေထဲမှာ ကရင်နီထောင်မှာ ကျခံနေရသူ ၁ယောက်နဲ့ နေပြည်တော်ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကရင်နီသူ ၁ယောက်သာ လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

KPPA ဟာ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း အပြင်းအထန်ကန့်ကွက်တဲ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

လက်နက်အပြည့်အစုံ ယူဆောင်၊ အလံဖြူထောင်ကာ ‘အောင်ပြီဟေ့ အောင်ပြီ’ လို့ အော်ဟစ်အလင်းဝင်လာသည့် ပျူစောထီး ဒုခေါင်းဆောင်

“ချိတ်ဆက်မှု တိတိကျကျ မလုပ်ထားဘူးဗျ။ ရုတ်တရက် ထွက်လာတာ။ ကျနော်တို့က ထွက်လာဖို့ရှိတယ်ပဲ သိထားတာ။ သူ့ဘာသာသူ ဆိုင်ကယ်နဲ့ အလံဖြူထောင်ပြီး ထွက်လာတာဗျ။ သူတို့မှာရှိတဲ့ကားမှာ ဘီး ၄လုံးစလုံး ဖြုတ်ထားခဲ့တယ်။ ထော်လာဂျီလည်း ဘီးဖြုတ်ထားခဲ့တယ်။ ပြီးတော့မှ သူက ဆိုင်ကယ်နဲ့စီးပြီး လက်နက် အပြည့်အစုံနဲ့ ထွက်လာတာပါ” လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

ရေဘေးကူညီချင်တဲ့ သန့်ဇင်ရဲ့ဆန္ဒကို ဂျပန်ဖိုက်တာ တာကဲရု ဖြည့်ဆည်းပေးမယ်

ရိုးရာဖိုက်တာ သန့်ဇင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂျပန်ဖိုက်တာ တာကဲရုက မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမယ်လို့ Bangkok Post မှာ ရေးသားဖော်ပြလာပါတယ်။