စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက် မနေ့မနက်ပိုင်းကစလို့ မုံရွာမြို့တောင်ဘက်၊ စွမ်းရည်ထက် ဆီဆိုင် ဂိတ်စခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ နဂါးတွင်းနဲ့ ပေါက်ပင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ထနောင်းတောတောင်ရွာ၊ ထနောင်းတောမြောက်ရွာအပါအဝင် ပေါက်ပင်နဂါးတွင်း၊ မြင်သာရွာ၊မင်းကုန်း၊ ဆူးလေကုန်းနဲ့ ထန်းလေးပင်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့လည်း မြေပြင်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ပင်ရွာက အရပ်သားနေအိမ် ၄ လုံးနဲ့ နဂါးတွင်းရွာက နေအိမ်အလုံး ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)

အဲ့ဒီလို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို  မုံရွာမြို့နယ် ပကဖ- တိုက်နယ် (၃) ပကဖ နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ယောက် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

“မုံရွာ နမခကလာပြီး စွမ်းရည်ထက် ဂိတ်မှာစုတယ်။ အဲ့ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ လက်ရှိအချိန်မှာ တော့ စစ်ကြောင်း မရှိတော့ပါဘူး” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်တဲ့ အရပ်သားတွေအတွက် တော်လှန်ရေးတပ်တွေက ရှင်းလင်းရေး ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်အုပ်စုရဲ့ ကျောက်ဆစ်ပုံအမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေရှိကြောင်း မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းဟာလည်း လယ်ဇင်၊ သက်ယင်းရွာတွေကတဆင့် လက်ရှိမှာ ပုလ္လင်ရွာ အနောက်ဘက်အထိ ရောက်ရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ အပတ်စဥ် (၅) စစ်သင်တန်းဆင်းပွဲ

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စင်းပျက်စီးဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ တပ်ရင်း ၆၀၀၆ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ အကြမ်းဖက်စစ်တပ် ထောက်ပို့ ရဟတ်ယာဥ်(Mi 17P) တစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရဟတ်ယာဥ်ပျက်စီးသွားကြောင်း BOB - Battalion Of Budalin တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးရုံးကို ပြောက်ကျား ၂ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ ပျူစောထီးတွေ ထိခိုက်သွားကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့ညပိုင်းက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံးကို ပြင်အားမြင့် မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။