တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတိုက်ပွဲမှာ တပ်စုမှူး တစ်ယောက်အပါအဝင် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ ညင်းမော်ရွာထဲ ဝင်ရောက်ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး လောင်းလုံး ပကဖက ရဲဘော် နွေဦးနဲ့ ရဲဘော် ဂျမ်ဘိုတို့ ထိမှန်ကျဆုံးခဲ့ပါတယ်။

အဲဒီနောက် စစ်ကော်မရှင်တပ်က ညင်းမော်ရွာထဲ ဆက်လက်အထိုင်ချထားပြီး နိုဝင်ဘာ ၁၁ ရက် မနက် ၇ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒုတိယအကြိမ် ထပ်မံသွားရောက် ပစ်ခတ်ခဲ့ရာ ၆ နာရီနီးပါး တိုက်ပွဲဖြစ်ပြီး တပ်စုမှူး ရဲဘော် ဘဦး ထိမှန်ကျဆုံးသွားခဲ့ပါတယ်။

“၁၀ ရက်နေ့မှာ ၂ ယောက် ကျတယ်။ ၁၁ ရက်နေ့မှာ ရဲဘော် ဘဦး ကျတယ်။ ရဲဘော် ၁ ဦးကတော့ အနည်းငယ် ဒဏ်ရာရတယ်။ ခွေးတွေဘက်ကတော့ သေဆုံးသူနဲ့ ဒဏ်ရာရတာတွေ အများကြီးရှိပါတယ်။ ရဲဘော်တွေက အပြင်ရောက်မှ ကျသွားတာပါ။ ရဲဘော်တွေကို ကျဆုံးပြီး နောက်ရက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့ပါတယ်” လို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လက်ရှိအချိန်ထိ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက တပ်စွဲထားဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတဲ့အတွက် တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုကို အခုမှ ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက အခုချိန်ထိ မထွက်သေးဘူး။ စစ်ကြောင်းနဲ့ တောက်လျှောက်ဖြစ်နေတယ်။ ကျနော်တို့တွေ စစ်ရေးထုတ်ပြန်ချက် ဒီနေ့ထိ မထုတ်ရသေးဘူး။ ကျနော်တို့ ကျဆုံးရဲဘော်နဲ့ ပတ်သက်ပြီး အခုမှ ထုတ်ပြန်တာ။ အခုလက်ရှိအထိလည်း ဖြစ်နေတုန်း။ ဒီစစ်ကြောင်းက လောင်းလုံးမြို့နယ်ကို နိုဝင်ဘာလအစကတည်းက ဝင်လာတာ။ ရွာတွေမှာလည်း တပ်စွဲတာတွေ ရှိတယ်။ ကျနော်တို့ စစ်ရေးလုံခြုံရေးအရ မထုတ်ပြန်သေးတာ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာကနေ ကရင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်ထုတွင် စစ်ရှောင်စခန်း ၂ ခုကို  အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်အတွင်း စစ်ရှောင်စခန်း နေရာတွေကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

ပြည်သူကို ပြန်သတ်နေသည့် စစ်တပ်က NLD ဖျက်ဆီးခဲ့သည့် ဒီမိုကရေစီလျှောက်လမ်းကို ပြန်တည်ဆောက်နေခြင်းဖြစ်ဟု ဇော်မင်းထွန်း ပြော၊ ရွေးကောက်ပွဲအတုကို မည်သူမှ နှောင့်ယှက်လို့မရဘူးဟု ကြုံးဝါး

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူးလို့ စစ်တပ်ရဲ့ ရှေ့ထွက်ပြောကြားသူ ဇော်မင်းထွန်းက ကြုံးဝါးလိုက်ပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မှာ တိုက်ပွဲမရှိတဲ့ မြေတိုင်းရွာကို စစ်တပ်က ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်လို့ ၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။