ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၆၁)ကြိမ် မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အရည်အချင်းစစ် ကော်မတီရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ အခုလို အတည်ပြု ချမှတ်ခဲ့တာလို့ သိရပါတယ်။

“မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအား ဤကုလသမဂ္ဂ မျက်နှာစာမှတစ်ဆင့် နိုင်ငံတကာသို့ အသိပေးတင်ပြပြောကြားကာ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် စနစ်နှင့် တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ မြန်မာပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများအား မရပ်မနား ကျူးလွန်လျက်ရှိသော တရားခံ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏အပေါင်းအပါများအား နိုင်ငံတကာ တရားစီရင်မှုများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးတို့အတွက် မြန်မာပြည်သူများမှ ကြိုးပမ်း ဆောင်ရွက်နေမှုများကို သိရှိစေရန်၊ အရေးယူဆောင်ရွက်မှုများ ရှိလာစေရန် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါသည်” လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်တဲ့  မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ အရင်နှစ်တွေလိုပဲ  ကုလသမဂ္ဂအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဆက်လက်ပါဝင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ရွာငံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊ လက်နက်တစ်လက်သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ် ။
Read More

သီတင်းကျွတ်မှာ စုံစုံညီညီ ဖြတ်သန်းရမယ့် မိသားစုတွေ စစ်ကောင်စီကြောင့် ဝေးကွာနေရတယ်လို့ NUG ယာယီသမ္မတ ပြော

အာဏာကို မက်မောနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် သီတင်းကျွတ်ကာလကို ပြည်သူတွေဟာ နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှု ပျောက်ဆုံးခြင်းတွေနဲ့ ဖြတ်သန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက "ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား" မှာ ထည့်သွင်းပြောကြားထားပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်က စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ကျောင်းသားလက်ရုံးတပ်တော် သွားရာက်ကူညီ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်တို့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။