ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ကရင်နီပြည်နယ်မှာ KPPA ရဲ့ ဒုတိယညီလာခံ ကျင်းပပြီးတဲ့နောက် ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလို့ သိရပါတယ်။

ညီလာခံမှာ ကရင်နီနိုင်ငံရေး အကျဉ်းသား/သူဟောင်း ၃၈ ယောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံမူဝါဒတွေကို ပြန်လည် ပြင်ဆင်၊ သုံးသပ်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေနဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတဘ်။

ဆုံးဖြတ်ချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်ရာမှာလည်း ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် အာမခံတဲ့ နိုင်ငံရေးစနစ်မှာ ပါဝင်ဆောင်ရွက်သွားမယ့်အကြောင်း ပါရှိပါတယ်။

“လွတ်မြောက်လာသူတွေကို သွားကြိုတယ်ပေါ့နော်၊ သယ်ယူပို့ဆောင်ပေးတာတွေ နေရာထိုင်ခင်းပေးတာတွေ ရှိပါတယ်။ ပြီးရင် အလုပ်အကိုင်အတွက်လည်း ချိတ်ဆက်ရှာဖွေတာတွေ ရှိတယ်။ ပညာ ဆက်လက်သင်ကြားချင်သူတွေကိုလည်း ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ နောက် စိတ်ကျန်းမာရေးပိုင်းဆိုရင်လည်း Mental Health program တွေကို ကျနော်တို့ online ကနေ ဆောင်ရွက်ပေးနေတာရှိပါတယ်” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသား/သူတွေကို စောင့်ရှောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး KPPA အတွင်းရေးမှူး ထားဖိုးက မောင်းကို ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကနေ ရှေ့လပိုင်းတုန်းက လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေထဲမှာ ကရင်နီထောင်မှာ ကျခံနေရသူ ၁ယောက်နဲ့ နေပြည်တော်ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကရင်နီသူ ၁ယောက်သာ လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

KPPA ဟာ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း အပြင်းအထန်ကန့်ကွက်တဲ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၊ ၁၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
Read More

ဆီဆိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံပအိုဝ်းပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပ သုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ NUG ယာယီသမ္မတ ပြောကြား

မြေပြင်က NUG လက်အောက်ခံ ပ သုံးလုံး အဖွဲ့တွေ ပိုမိုအလုပ်ဖြစ်စေရေး လက်မနှေးဖို့ အလွန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ရိက္ခာများ မျှဝေထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး၊ ရိက္ခာတွေမျှဝေထောက်ပံ့ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။