စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက် မနေ့မနက်ပိုင်းကစလို့ မုံရွာမြို့တောင်ဘက်၊ စွမ်းရည်ထက် ဆီဆိုင် ဂိတ်စခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ နဂါးတွင်းနဲ့ ပေါက်ပင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ထနောင်းတောတောင်ရွာ၊ ထနောင်းတောမြောက်ရွာအပါအဝင် ပေါက်ပင်နဂါးတွင်း၊ မြင်သာရွာ၊မင်းကုန်း၊ ဆူးလေကုန်းနဲ့ ထန်းလေးပင်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့လည်း မြေပြင်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ပင်ရွာက အရပ်သားနေအိမ် ၄ လုံးနဲ့ နဂါးတွင်းရွာက နေအိမ်အလုံး ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)

အဲ့ဒီလို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို  မုံရွာမြို့နယ် ပကဖ- တိုက်နယ် (၃) ပကဖ နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ယောက် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

“မုံရွာ နမခကလာပြီး စွမ်းရည်ထက် ဂိတ်မှာစုတယ်။ အဲ့ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ လက်ရှိအချိန်မှာ တော့ စစ်ကြောင်း မရှိတော့ပါဘူး” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်တဲ့ အရပ်သားတွေအတွက် တော်လှန်ရေးတပ်တွေက ရှင်းလင်းရေး ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်အုပ်စုရဲ့ ကျောက်ဆစ်ပုံအမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေရှိကြောင်း မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းဟာလည်း လယ်ဇင်၊ သက်ယင်းရွာတွေကတဆင့် လက်ရှိမှာ ပုလ္လင်ရွာ အနောက်ဘက်အထိ ရောက်ရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

နတ်သံကွင်းနယ်မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်မှုများရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးနယ်မြေ အမှတ် (၂)၊ တပ်မဟာ (၃) KNLA တပ်ရင်း (၉) နယ်မြေအတွင်းရှိ ပဲခူးတိုင်း၊ နတ်သံကွင်းမြို့နယ်မှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်ဂိတ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီမြို့နယ်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

Urban Task Force Aung Ban – UTF က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။