မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့နယ်တိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရုံသာမက အများပြည်သူသွားရာ လမ်းပေါ်တွေမှာ နင်းမိုင်းတွေထောင်ပြီး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမိုင်းတွေကို TTA-PDF နဲ့ DSNDA မဟာမိတ်ရဲဘော်တွေ ပူးပေါင်းကာ အများပြည်သူ ဘေးကင်းစေဖို့ ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မိုင်းတွေ အလုံးစုံ မရှင်းလင်းသေးတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာနယ်မြေနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေ ရောက်ရှိခဲ့တဲ့ နယ်မြေအတွင်း သွားလာဖို့ ကိစ္စရှိရင် နီးစပ်ရာနယ်မြေခံ PDF တွေကို အကြောင်းကြားခြင်း (သို့မဟုတ်) မေးမြန်းခြင်းမရှိဘဲ မသွားလာကြဖို့ TTA PDF က  သတိပေးထုတ်ပြန်ထားပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

“ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” (ရုပ်/သံ)

အထူးကွန်မန်ဒိုတပ်ရင်း (P29914) ကနေ “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” “ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” သိန်း ၃၀၀၀ CPPS Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး တစ်နှစ်အကြာမှာ လမ်းပြန်လျှောက်နိုင်ခဲ့သည့် တော်လှန်ရေးရဲဘော် (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၁ ယောက်ဟာ တစ်နှစ်အကြာမှာ မတ်တပ်ပြန်ရပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ Mahauurar Dragon PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

CDF – Asho မှ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းများအား မေးမြန်းချက် (ရုပ်/သံ)

''သူတို့ပြောတာတော့ လစာ နှစ်သိန်းလေးထောင်ရတယ်တော့ ပြောတယ်။ ၂ လပိုင်းက သုံးသိန်း ကျော်ဖြစ်သွားတယ်လို့ သူတို့ပြောတာပဲ။ ဒါပေမယ့် တစ်ကျပ်မှတော့ မထုတ်ပေးဘူး။ အိမ်ကို လွှဲပေးမယ်တော့ ပြောတယ်။ မိဘနဲ့က အဆက်အသွယ်မရဘူး။ စစ်ကြောရေးမှာထဲက ဖုန်းတွေလည်း အကုန်သိမ်းပဲ။ ငါးသောင်းဖိုး ပစ္စည်းမှာရင် တစ်သိန်းလောက်ဖြတ်တယ်။ အဓိကက တပ်ရင်းမှူးရယ်၊ တပ်ရင်းဗိုလ်ကြီးရယ် သူတို့ပဲ ချုပ်ကိုင်ထားတာ''