မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာစျေးအနီးကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေတာကြောင့် မီးလောင်ပြင်ကိုငြိမ်းသက်နိုင်ဖို့ မီးသတ်ကားမရှိတာနဲ့ လူအင်အားမရှိတာကြောင့် တစ်ရွာလုံးမီးဘေး မကျရောက်ဖို့အတွက်တော့ အတော်ကြိုးစားရမှာပါ”ဒေသခံက ဆိုပါတယ်။

ကျေးရွာအတွင်း ပြည်သူတွေဟာ စစ်ရှောင်နေတဲ့အတွက် မီးငြိမ်းသတ်ဖို့ အခက်အခဲရှိခဲ့ပြီး တစ် ရွာလုံး မီးမကူစေဖို့ပဲ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

Video – Phyo Zin Ko

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ် ကော်ကန့်ရွာစာသင်ကျောင်းကို စစ်တပ်လေကြောင်းမှ ဗုံးကြဲချ (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကန့်ရွာစာသင်ကျောင်းကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးတွင် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေပြီး ပြည်သူ ၆ ဦး လွတ်မြောက်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း ရိက္ခာသယ်ထွက်လာသည့် ပျူစောထီး ၈ ဦးကို ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။
Read More

လက်နက်ချ စစ်သုံ့ပန်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြားက ကယ်ထုတ်ခဲ့ (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကယ် ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပုံရိပ်များ တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်းတပ်ခွဲ ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ရဲဘော် မိုက်ကယ် ဦးစီးတဲ့ စစ်တောင်းစစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို တောင်ငူခရိုင် - တပ်ရင်းအမှတ် ၃၅၀၂စစ်ကြောင်းတပ်ခွဲ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်လံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။