အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားမှန်းတောင် မသိရပေမယ့် ကျန်းမာရေး ကောင်းမွန်နေပြီး မကြာခင် ကျင်းပမယ့် သူတို့ရဲ့ ရွေးကောက်ပွဲအတုကို နှောင့်ယှက်ချင်တာကြောင့် အခုလို သတင်းတုတွေ အချိန်ကိုက် ဖြန့်ဝေနေကြတာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲလိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ မတရားစွပ်စွဲကာ ထောင် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ စွပ်စွဲချက်တွေအပေါ် ငြင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီရက်ပိုင်းအတွက် နိုင်ငံတကာ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေဆိုရာမှာ မိခင်ဖြစ်သူဟာ အကျဥ်းထောင်ထဲမှာ ကွယ်လွန်နှင့်ပြီး ဖြစ်မှာကို စိုးရိမ်မိကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ရော၊ ရှေ့နေအဖွဲ့တွေနဲ့ပါ နှစ်တွေကြာအောင် တွေ့ခွင့်မပေးသလို ပြီးခဲ့တဲ့ နှစ်တွေက အကျဥ်းထောင်ထဲမှာ ကျန်းမာရေးသိပ်မကောင်းဘူးလို့ ကြားသိရတဲ့အတွက် ကိုထိန်လင်းက အခုလိုတွေ ပြောဆိုလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က မြန်မာ့အရေးဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို လိုက်နာမှု မရှိသလို အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတာကိုလည်း ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ စစ်တပ်က စာထုတ်ပေမယ့် အကျဥ်းကျနေတဲ့ မိခင်နဲ့ သားကို ပေးမတွေ့နိုင်တာဟာ အာဏာသိမ်းစစ်တပ် မဟုတ်တာ တစ်ခုခု လုပ်ထားလို့သာ ဖြစ်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုကြပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM  တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

ကြို့ပင်ကောက် စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုရဲအုပ်အပါ ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။