ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က ကရင်နီပြည်နယ်မှာ KPPA ရဲ့ ဒုတိယညီလာခံ ကျင်းပပြီးတဲ့နောက် ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာလို့ သိရပါတယ်။

ညီလာခံမှာ ကရင်နီနိုင်ငံရေး အကျဉ်းသား/သူဟောင်း ၃၈ ယောက် တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံမူဝါဒတွေကို ပြန်လည် ပြင်ဆင်၊ သုံးသပ်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေနဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတဘ်။

ဆုံးဖြတ်ချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်ရာမှာလည်း ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် အာမခံတဲ့ နိုင်ငံရေးစနစ်မှာ ပါဝင်ဆောင်ရွက်သွားမယ့်အကြောင်း ပါရှိပါတယ်။

“လွတ်မြောက်လာသူတွေကို သွားကြိုတယ်ပေါ့နော်၊ သယ်ယူပို့ဆောင်ပေးတာတွေ နေရာထိုင်ခင်းပေးတာတွေ ရှိပါတယ်။ ပြီးရင် အလုပ်အကိုင်အတွက်လည်း ချိတ်ဆက်ရှာဖွေတာတွေ ရှိတယ်။ ပညာ ဆက်လက်သင်ကြားချင်သူတွေကိုလည်း ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ နောက် စိတ်ကျန်းမာရေးပိုင်းဆိုရင်လည်း Mental Health program တွေကို ကျနော်တို့ online ကနေ ဆောင်ရွက်ပေးနေတာရှိပါတယ်” လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသား/သူတွေကို စောင့်ရှောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီး KPPA အတွင်းရေးမှူး ထားဖိုးက မောင်းကို ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကနေ ရှေ့လပိုင်းတုန်းက လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေထဲမှာ ကရင်နီထောင်မှာ ကျခံနေရသူ ၁ယောက်နဲ့ နေပြည်တော်ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကရင်နီသူ ၁ယောက်သာ လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။

KPPA ဟာ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း အပြင်းအထန်ကန့်ကွက်တဲ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တာဝန်မှ ရုတ်သိမ်းခံရခြင်းကို လူမှုကွန်ရက်တွင် သတင်းတက်လာမှ သိရပြီး ဒါဟာ တပ်တွင်း အာဏာသိမ်းမှု ဖြစ်သည်ဟု ဒေါက်တာ သီရိမွန်ချမ်း ပြော

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်၏ ကျဆုံးခြင်း ၄ နှစ်ပြည့် ပြုလုပ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးက ပြည်သူ(၁၁)ဦး သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ် အသေးစိတ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

ပေါက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့

မကွေးတိုင်း ၊ ပေါက်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။