မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့နယ်တိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရုံသာမက အများပြည်သူသွားရာ လမ်းပေါ်တွေမှာ နင်းမိုင်းတွေထောင်ပြီး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမိုင်းတွေကို TTA-PDF နဲ့ DSNDA မဟာမိတ်ရဲဘော်တွေ ပူးပေါင်းကာ အများပြည်သူ ဘေးကင်းစေဖို့ ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မိုင်းတွေ အလုံးစုံ မရှင်းလင်းသေးတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာနယ်မြေနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေ ရောက်ရှိခဲ့တဲ့ နယ်မြေအတွင်း သွားလာဖို့ ကိစ္စရှိရင် နီးစပ်ရာနယ်မြေခံ PDF တွေကို အကြောင်းကြားခြင်း (သို့မဟုတ်) မေးမြန်းခြင်းမရှိဘဲ မသွားလာကြဖို့ TTA PDF က  သတိပေးထုတ်ပြန်ထားပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"
Read More

မြို့သစ်မြို့အဝင်ဂိတ်အား တော်လှန်ရေးတပ်များ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့မြောက်ဘက် မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ People's Defence Force - Natmauk က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းက မြို့သစ်မြို့မြောက်ဘက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။
Read More

ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် YOMA (GBK) PDF တပ်ဖွဲ့ တပ်စုမှူး ရဲဘော်ကြယ်ကြီးနှင့် ရဲဘော်ရှိုင်းလေး တို့ ကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ မိုင်းချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပြီး  YOMA (GBK) PDF တပ်ဖွဲ့က တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ ကျဆုံးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး စစ်ကြောရေးမှူးအပါအဝင် ရဲ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force  အဖွဲ့ထံက သိရပါတယ်။