ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ (၆၁)ကြိမ် မြောက် မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အရည်အချင်းစစ် ကော်မတီရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ အခုလို အတည်ပြု ချမှတ်ခဲ့တာလို့ သိရပါတယ်။

“မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအား ဤကုလသမဂ္ဂ မျက်နှာစာမှတစ်ဆင့် နိုင်ငံတကာသို့ အသိပေးတင်ပြပြောကြားကာ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် စနစ်နှင့် တရားမဝင် စစ်အာဏာသိမ်းမှုတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး၊ မြန်မာပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများအား မရပ်မနား ကျူးလွန်လျက်ရှိသော တရားခံ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏အပေါင်းအပါများအား နိုင်ငံတကာ တရားစီရင်မှုများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေးတို့အတွက် မြန်မာပြည်သူများမှ ကြိုးပမ်း ဆောင်ရွက်နေမှုများကို သိရှိစေရန်၊ အရေးယူဆောင်ရွက်မှုများ ရှိလာစေရန် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါသည်” လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်တဲ့  မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ အရင်နှစ်တွေလိုပဲ  ကုလသမဂ္ဂအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ဆက်လက်ပါဝင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း ပေါက်တော ဂိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က ၁၀ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပေါက်တောရွာ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အကြမ်ဖက်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၂၀ ဒဏ်ရာ ရရှိသွားတယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၇) တပ်ရင်း၊ တပ်ခွဲ (၄) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာတွင် အထိုင်ချထားသည့် စစ်အုပ်စုကို သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး…

“ထိတွေ့မှုဖြစ်တာက သူတို့တပ်စွဲအထိုင်ချထားတဲ့နေရာကို ဝင်ပစ်တာပါဗျ ၊ စခ ဘက်က သေဆုံးမှုက မြေပြင်ထောက်ပို့ ပြည်သူတွေဆီက အတိအကျသိရတာပါ ၊ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းစစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့အုပ်ချုပ်မှု ယန္တရားထဲက ပြည်ထဲရေးဝန်ကြီးရာထူးနေရာကို မကြာခဏ အပြောင်းအလဲပြုလုပ်လေ့ရှိကာ လက်ရှိပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် နေရာမှာ စစ်ရေးချုပ် ဖုန်းမြတ်နဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်အုပ်စုထိန်းချုပ် မီဒီယာတွေမှာ မနေ့က ဖော်ပြခဲ့ကြပါတယ်။
Read More

တိုင်း ၃ ခုဆုံရာကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထား

" အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။" လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။