စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ဒီမနက် ၁၁ နာရီလောက်မှာ စွမ်းရည်ထက် ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ တောပုရွာ ပျူစောထီးတွေဟာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ၂ကြောင်းခွဲပြီး ထနောင်းတောရွာနဲ့ ပေါက်ပင်ရွာထဲကို ဝင်ရောက်လာခဲ့ပါတယ်။

“ဘုန်းကြီးကျောင်းတွေထဲကော ဝင်တယ်။ မြောက်ရွာအထိ ရောက်တယ်။ တောင်ရွာရဲ့ တောင်ဘက်က ပေါက်ပင်ရွာပဲ၊ နီးနီးလေး။ တောပုပျူရွာနဲ့ စွမ်းရည်ထက် ‌ေ-ွးဆိုင်က ‌ေ-ွးတွေနဲ့ ပေါင်းလာတာ” လို့ မုံရွာမြို့နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။


အဲဒီနောက် ထနောင်းတောရွာက ‌ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ ရွာထဲ လိုက်လံမွှေနှောက်ခဲ့သလို ပေါက်ပင်ရွာထဲ ဝင်ရောက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်အုပ်စု စစ်ကြောင်း ၂ခုလုံးပေါင်းကာ ပေါက်ပင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

“ထနောင်းတော တောင်ရွာဈေးတန်းက လူတွေပါသွားတယ် သိထားတယ်။ ဟင်းသီးဟင်းရွက်ဈေးတန်းမှာ ဝင်ဖမ်းတာဆိုတော့ ဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါနိုင်တယ်။ တစ်ကြောင်းက တောင်ရွာဝင်တာ၊ တစ်ကြောင်းက ပေါက်ပင်ဝင်တာ၊ ထိတွေ့မှု ခဏဖြစ်ပြီးမှ နှစ်ကြောင်းပေါင်းပြီး ပေါက်ပင်ကို မီးတင်တာ” လို့ အထက်ပါ နယ်ခံက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုက ပေါက်ပင်ရွာထဲက နေအိမ်တွေကို ဆက်လက်မီးရှို့နေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင် ကျေးရွာ ၆ခုလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။