စစ်ကိုင်းတိုင်း ရွှေဘိုမြိုပေါ်ရှိ အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတွေမှာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ယနေ့နေ့လယ်ပိုင်းက ရွှေဘိုမြိုပေါ်ရှိ အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်၊အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်ထုရှေ့၊  အလက (၁) ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို-ရေဦးလမ်းထိပ်နေရာများမှာ စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်း၊  အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာများ ရွတ်ဖတ်၍ နှိုးဆော်ခြင်းများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပရန် ရွှေဘိုမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဗီနိုင်းများ လာရောက်ချိတ်ဆွဲထားခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားများက ဗီနိုင်းများအား လာရောက်ဖျက်ဆီးကာ အော်ဟစ်ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။

Video – ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို မတ်လ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

ကပစ ၂၁ သို့ လာသည့် စစ်တပ်ယာဉ် ၂ စီးကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၁ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နေ ကပစ ၂၁ သို့ လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို တော်လှန် ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ယောက် သေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ - Caf-Spupdf က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။