ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် ဒီကနေ့ ကျရောက်တဲ့ ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ မင်း‌အောင်လှိုင်က သေဆုံးခဲ့တဲ့ ပြည်သူတွေကိုမှ အားမနာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ အကြမ်းဖက်စစ်တပ်က မြောက်ဦးဆေးရုံကို အာရက္ခတပ်တော် အခြေစိုက်စခန်းလို့ အကြောင်းပြပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးကုသမှုခံယူနေကြတဲ့ အရပ်သားပြည်သူ ၃၃ ယောက် သေဆုံးခဲ့ပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ကျောက်ဖြူနဲ့ ဂွမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၅ ခုကျော်ကို ဒီဇင်ဘာလ ဒုတိယ ပတ်ထဲ ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့သလို ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူတွေ သေကြေပျက်စီးအောင် လုပ်ဆောင်နေတဲ့ အ ကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ရခိုင်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံကို ခွင့်ပြုထားကာ တောင်သူတွေ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ သမဝါယမအသင်းတွေနဲ့ စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်သူတွေကို ခွဲဝေထားပြီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသ တိုင်းရင်းသားပြည်သူများအပေါ် ထားရှိသည့် နိုင်ငံတော်၏စေတနာနှင့် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို မြင်တွေ့ရမည်ဖြစ်ပါသည်” လို့ ရခိုပြည်နယ် အပါအဝင် တိုင်းပြည်အနှံ့ကို နေ့စဉ်ဗုံးကြဲနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရှက်တရားကင်းစွာ ပြောကြားခဲ့ပါတယ်။

အလားတူ လက်ရှိရခိုင်ပြည်နယ်ရဲ့ မတည်ငြိမ်မှုဟာ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို အသုံးချဖို့ အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်ပြီး ဆူပူအကြမ်းဖက် မတည်ငြိမ်အောင် ပုံဖော်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့သလို MNDAA ၊ TNLA၊ AA တို့ရဲ့ လုပ်ဆောင်ချက်တွေက ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတို့ကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ပေးပို့ခဲ့တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာထဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်သားမျိုးနွယ်စု စာရင်းမှာ ရိုဟင်ဂျာလူမျိုးကိုလည်း ချန်လှပ်ဖယ်ရှားထားခဲ့ပြီး ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်၊ မြန်မာနဲ့ ချင်း တိုင်းရင်းသား မျိုးနွယ်စုတွေကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ဂန့်​ဂေါတွင် ​​ခလရ ၅၀ ဗျူဟာမှူး လှမျိုးထွဋ်နှင့်အပေါင်းအပါများ စစ်ကြောင်းထိုး၊ လူဖမ်း၊ ရိက္ခာခိုးနေ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို စားနပ်ရိက္ခာတွေကိုလည်း ကားတွေနဲ့ ခိုးယူသယ်ဆောင်နေကြောင်း ယောအလင်းတန်းအဖွဲ့တာဝန်ရှိသူတွေက မောင်းကို ပြောပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ စစ်အုပ်စု အထိုင်စခန်းကိုကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ဒုတပ်ကြပ်တစ်ဦးအပါ ၃ ဦးကို အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်အပါအဝင် သုံး ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ရင်း 805 - Nay Pyi Taw PDF ဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။