အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျန်းမာရေးမကောင်းသူ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်နဲ့ အဆက်အသွယ်တွေ မရတော့တဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

အသက် ၈၀ အရွယ် ကျန်းမာရေး မကောင်းတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေတာ နှစ်အတော်ကြာပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မိခင်ရဲ့ ကျန်းမာရေးဆိုးရွားမှု အခြေအနေကို ကြိုကြား တဆင့်စကားသာ ကြားသိခဲ့ရတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။

“အမေ့မှာ ကျန်းမာရေးပြဿနာတွေ ရှိနေပါတယ်။ အမေ့ကို ၂ နှစ်ကျော်ကြာအောင် ဘယ်သူမှ မမြင်တွေ့ရပါဘူး။ အမေ့ကို မိသားစုနဲ့သာမက သူရဲ့ ဥပဒေအဖွဲ့နဲ့ပါ အဆက်အသွယ်လုပ်ခွင့် မပေးပါဘူး။ ကျနော်သိသလောက်ဆိုရင် အမေဟာ သေဆုံးသွားပြီး ဖြစ်နိုင်ပါတယ်” လို့ ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးကာ ဆူပူအောင် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ မဲမသမာမှုတို့ အပါအဝင် စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာဖြစ်ပြီး လူထုခေါင်းဆောင်ကတော့ စစ်တပ်ရဲ့ စွဲချက်အားလုံးကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်

“အမေနဲ့ ပတ်သက်ရင် မင်းအောင်လှိုင်မှာ အစီအစဥ်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ သူ့ကို လွှတ်ပေးတာ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ပြောင်းပေးတာမျိုး လုပ်ပြီး ပြည်သူကို ကျေနပ်အောင်လုပ်ဖို့ သူမကို အသုံးပြုချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒါဟာ တစ်ခုခု ဖြစ်လာကောင်းမယ်” လို့ ကိုထိန်လင်းက ပြောခဲ့ပါတယ်။

ကိုထိန်လင်းဟာ မိခင် ဒေါ်အောင်ဆန်းစုကြည်ထံကနေ စာရရှိခဲ့တာဟာ လွန်ခဲ့တဲ့ ၂နှစ်က နောက်ဆုံးဖြစ်ပြီး အဲဒီစာထဲမှာ သူနေထိုင်ရတဲ့ အခန်းတွင်းအပူချိန် လွန်ကဲမှုကို မိခင်က ငြီးငြူရေးသားထားတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ကတော့ တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ကိုထိန်လင်းက လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ All in One Piece Movement ကို ဦးဆောင်ပြီး နိုင်ငံတကာမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။