UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲကို တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် Lလွန်းဝါ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ တေးရေး နိုင်မြန်မာ ရေးစပ်ထားတဲ့ ကမ္ဘာမကြေဘူးသီချင်းကို အဆိုတော် ကောင်းကောင်း သီဆိုအချိန်မှာ လာရောက်အားပေးကြတဲ့ ပရိသတ်တွေက လက်သုံးချောင်းထောင်ကာ ဝန်းရံအားပေးခဲ့ကြပါတယ်။

အဆိုပါ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်ကို မြန်မာနိုင်ငံအတွင်း လိုအပ်နေတဲ့ နေရာတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

Video – Chan Myae Paing

0 Shares:
You May Also Like
Read More

ကန်ပိုက်တီးမြိုအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြိုအနီးမှာရှိတဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က  အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ၊ PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့နေ့လယ်ပိုင်းက Fixed Win Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား

''မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်''
Read More

မဲစာရင်းမှားနေကြောင်း ဖြေရှင်းတဲ့ ပြည်သူကို မှော်ဘီမြို့ထွေ/အုပ်တာဝန်ရှိသူက ခွေးနဲ့ ခိုင်းနှိုင်း (ရုပ်/သံ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မင်္ဂလာဒုံမြို့နယ်နေ ပြည်သူများကို မဲစာ ရင်းအတွင်း ထည့်သွင်းထားတဲ့အတွက် ပြည်သူများက လာရောက်ဖြေရှင်းရာမှာ ခွေးနဲ့ ခိုင်းနှိုင်းပြော ဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေဟာ မှော်ဘီမြို့နယ်မှာပါ မဲစာရင်းထပ်မံပါနေတဲ့အတွက် သွားရောက်‌ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတစ်ဦးရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း ပြည်သူများက မင်္ဂလာဒုံမှာ မဲစာရင်းပါပြီးသားဖြစ်ကြောင်း ပြောဆိုနေစဉ်အတွင်း အုပ်ချုပ်ရေးမှူးဆိုသူက ပြည်သူများကို လက်ညိုးထိုးပြီး ''အားလုံးကို ကျွန်တော်ပြောမယ်။ ခွေးလိုလိုက်မအူကြနဲ့''လို့ ပြောဆိုခဲ့တာပါ။