NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံခဲ့ကြပြီး NUG အနေနဲ့ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ လူထုက တိုက်တွန်းခဲ့‌ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနေ့က ကိုရီးယားရောက် မြန်မာပြည်သူတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ အင်ချွန်းမြို့ ဘူဖျောင်းခန်းမမှာ တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအဖွဲ့အသီးသီးက ဦးဆောင်သူတွေနဲ့ တော်လှန်ပြည်သူ ၂၅၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲအတွင်း ဆွေးနွေးမေးမြန်းချက်တွေထဲမှာ ကိုရီးယားနေ CDM ဝန်ထမ်းတွေက သူတို့ ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း‌ ပြောပြခဲ့သလို NUG အနေနဲ့ တော်လှန်ရေးကို မားမားမတ်မတ် ပြတ်ပြတ်သားသား ဦးဆောင်သွားဖို့ လူထုက တိုက်တွန်းခဲ့ပြီး NUG စိုးမိုးနယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး အုပ်ချုပ်ရေး ပြဿနာတချို့ကိုလည်း ထောက်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ NUG ပြုပြင်ပြောင်းလဲရေးစီမံချက်တွေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ အတုအယောင် ရွေးကောက်ပွဲနဲ့ အဲဒီအလွန်ကာလတွေအတွက် တော်လှန်ရေး လျာထားချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဒေါ်ဇင်မာအောင်က အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းမှုကို All in One Piece Movement အစီအစဥ်အဖြစ် ထည့်သွင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းလူမျိုးများအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနှင့် ပြေလည်

ထိုင်းလူမျိုး ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနေ့ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရဲစခန်းကို သွားရောက်အဖမ်းခံ တောင်းပန်ခဲ့တယ်လို့သိရပြီး အာဏာပိုင်တွေက ဒဏ်ငွေအဆင့်နဲ့ အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm)တွင် ကျင်းပသည့် အာရှပွဲတော်သို့ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

နော်ဝေနိုင်ငံ၊ လီလီစထရွန်းမြို့ (Lillestrøm) မှာ ပြုလုပ်ခဲ့တဲ့ အာရှပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရယ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တက်ရောက်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။