အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့ပြီး အင်အား (၁၀) ယောက်ခန့်ပါဝင်တဲ့ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေက မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဆိုပါ လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်လာပြီး လက်နက်ငယ်တွေအပြင် 40MM (79) တွေနဲ့ပါ နယ်စပ်လုံခြုံရေးစခန်းကို မိနစ်အနည်းငယ်အကြာ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

AA တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ပစ်ခတ်တုံ့ပြန်မှုကြောင့် အဆိုပါ စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ BGB (ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်) နယ်ခြားစောင့်စခန်းတစ်ခုအနီးကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့လည်း AA က ဆိုထားပါတယ်။



ဒါ့အပြင် ARSA နဲ့ RSO တို့လို အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အရင်ကလည်း အရပ်သားပြည်သူတွေကို ချုံခိုတိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ ငွေညှစ်တာတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း AA က ထောက်ပြပါတယ်။

AA အနေနဲ့ အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နယ်စပ်တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်း၊ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပေမယ့် ဒီလုပ်ရပ်တွေကို အကျင့်ပျက် BGB တပ်မှူးတွေက မသိကျိုးကျွန်ပြုထားတာဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေတာဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နှစ်ဖက်အကြားရှိ ယုံကြည်မှုတွေ ဆုတ်ယုတ်စေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

AA လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 
Read More

တရုတ်ရဲ့ စေခိုင်းမှုကြောင့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် အရာရှိ ၄ဦးကို စစ်ကောင်စီ ဖမ်းဆီးထား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရမှု ၇ လခန့်သာ ရှိသေးသည့် ဗိုလ်ချုပ် မြင့်ကျော်ထွန်းလည်း ပါဝင်

ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် အရာရှိ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လက်ပံလှရွာ ရရှိပြီးနောက် စဥ့်ကူးမြို့ကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုဆို

မန္တလေးတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံမီဒီယာတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကတဆင့် စဥ့်ကူးမြို့နယ်အတွင်းကို စစ်ကြောင်းခွဲပြီး စတင်ဝင်ရောက်နေခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိတဲ့ လက်ပံလှရွာကို ရရှိခဲ့သလို မ‌နေ့ ဒီဇင်ဘာလ ၁၉ရက်မှာတော့ စဥ့်ကူးမြို့ကိုပါ ရရှိသွားတာလို့ ပြောခဲ့ကြတာပါ။
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။