စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ က ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်တော်များများဟာ အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

အရေပြားရောဂါဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖြစ်ပွားခဲ့ပေမယ့် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ ပိုမိုအဖြစ်များလာတယ်လို့ သိရပါတယ်။ အခုလို အရေပြားရောဂါ ဖြစ်ပွားခြင်းဟာ မိုးတွင်းကာလ ရှေ့တန်းရောက် ရဲဘော်တွေ အဝတ်အစား လဲလှယ်နိုင်ခြင်းမရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂နှစ်လောက်က စပြီးတော့ ကျမတို့တပ်မှာဆို ၂ယောက် ၃ယောက် အဲ့လိုမျိုး ဖြစ်တယ်။ ရှေ့တန်းသွားရတယ်ဆိုလို့ရှိရင် တခြားတပ်က ရဲဘော်တွေ ဆိုလို့ရှိရင်လည်း အရေပြားရောဂါတွေ တော်တော်တွေ့လာရတယ်။ တခြားတပ်တွေမှာလည်း အဲ့လိုပဲ။ ရှေ့မှာဆိုတော့ ချိုးရေကလည်း ရှားတာပေါ့။ ပြီးခဲ့တဲ့နှစ်ကဆို မိုးတွင်းဆိုတော့ အဝတ်တွေက မခြောက်တာပေါ့။ မိုးတွင်းဆိုတော့ တစ်နေကုန် မိုးရေထဲမှာ ကင်းစောင့်နေရတာ၊ သူတို့ အရှေ့မှာဆိုတော့လည်း အဝတ်အစားတွေက များများစားစားလည်း မပါဘူးလေ။ အဲလိုဆိုတော့ ဒီဟာတွေပဲ ထပ်ထပ်ပြီး ဝတ်နေရတာ။ ဒီဟာကြီးတွေနဲ့ပဲ နေရတာ။ အဲလိုမျိုးကြောင့် ပိုပြီးဆိုးသွားတာ။ အဲ့လိုကြောင့်ပဲ ပိုပြီးတော့ ကူးတာလည်း မြန်တာပေါ့” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ရဲ့ ဆေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီလို အရေပြားရောဂါ ဖြစ်ပွားချိန်မှာ အဝတ်တွေကို ရေနွေးပြုတ်ပြီး နေပူလှန်းတာမျိုး လုပ်ရပေမယ့် ရဲဘော်တွေက ရှေ့တန်းမှာ အဲ့လိုမလုပ်နိုင်တာကြောင့် ကူးစက်မှု ပိုများလာတယ်လို့ သိရပါတယ်။

ဒီလိုယားယံမှုဟာ တစ်ကိုယ်လုံးဖြစ်တတ်တာမျိုးတွေလည်း ရှိပြီး လက်ချောင်း၊ ခြေချောင်းနဲ့ ဗိုက်တွေမှာ အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တချို့ ရဲဘော်တွေက Ringworm လို့ခေါ်တဲ့ Fungus ကြောင့်ဖြစ်တဲ့ ပွေးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“တချို့ကျတော့လည်း ဘာအဖုအပိတ်မှ မထွက်ဘဲ မရှိဘဲ ယားကြတာ။ တချို့ရဲဘော်တွေက Scabies လို့ခေါ်တဲ့ ယားနာ ဖြစ်ကြတယ်။ လက်ချောင်းတွေ၊ ခြေချောင်းတွေ၊ ဗိုက်တွေမှာ အတွေ့များပြီး တချို့လည်း တစ်ကိုယ်လုံး ဖြစ်တယ်” လို့ အထက်ပါ ဆေးတာဝန်ခံက ဆက်ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေအတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်းကိုလည်း “ရှေ့တန်းမှာတုန်းကတော့ တခြားတပ်က ရဲဘော်တွေရော အများကြီးဆိုတော့ ဆေးတွေ လုံလောက်အောင် ဝယ်မရတာရော၊ မဝယ်နိုင်တာရော၊ အချိန်မှီမရောက်တာရော ဆိုတော့ လုံလောက်အောင် မပေးနိုင်ခဲ့ဘူး။ နောက်တန်းမှာတော့ ကျမတို့တပ်အနေနဲ့တော့ ကြိုးစားပြီး ဖြည့်ပေးထားပါတယ်။ တခြားတပ်ပေါင်းစု စစ်ကြောင်းတွေ သွားကုရင်တော့ လုံလောက်အောင် မပေးနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ၊ ပဒဲကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်၊ ၁၀ ဦးသေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။