မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂လကြာ ပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းမှာ မြိုင်ပကဖ တပ်ဖွဲ့ဝင်တွေသာမက ကမ္မတပ်ပေါင်းစု၊ ဒေါင်းရင်သွေး (မြစ်ခြေ)၊ Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ)၊ လရောင်ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ)၊ Burma Federal Column – BFC တို့က သင်တန်းသားတွေပါ ပါဝင်ခဲ့ပြီး စုစုပေါင်း သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို မြိုင်ပကဖ တာဝန်ရှိသူတွေ၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway-PDF) တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြိုင်ပကဖ အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဒေသတွင်း စည်းလုံးညီညွတ်ရေး၊ လေ့ကျင့်တည်ဆောက်ရေးနဲ့ စစ်ရေးဖော်ဆောင်မှုလုပ်ငန်းတွေကို အဆက်မပြတ် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်သင်တန်းနှင့် သင်တန်းဆင်းပွဲ ပုံရိပ်များ (ဓာတ်ပုံ မြိုင်ပကဖ)

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။