ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတဲ့ ပျူစောထီးခေါင်းဆောင် အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဆိုသူဟာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမတ်လောင်း၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် စစ်အုပ်စု ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 

အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဟာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးခေါင်းဆောင်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြဝတီမြို့ အမှတ် (၂) တံတားတိုက်ပွဲမှာလည်း စစ်တပ်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ 

“အမှတ် ၂ တံတားတိုက်ပွဲတုန်းကရော၊ မဲကလယ် တိုက်ပွဲတုန်းကရော သူက စစ်တပ်ဘက်ကနေ ဝင်ပစ်တဲ့ကောင်၊ လုံးဝကို လက်နက်ကိုင်ထားတဲ့လူ၊ ပြီးတော့ တလရဘက်ကလူတွေ ဖမ်းမိလို့ ၂၇၅ ထဲခေါ်ပြီး စစ်ကြောရေးလုပ်ရင်လည်း သူက ခေါင်းဆောင်ပဲ… သူ့ကို နေရာပေးထားတာ” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတယောက်က မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့သူတွေကိုလည်း စစ်တပ်အားကိုးနဲ့ ခေါ်ဖမ်းခိုင်းတာတွေကို မကြာခဏ လုပ်လေ့ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က မြဝတီမြို့ကို ဝီရသူ ဟောပြောပွဲလာလုပ်စဉ် ကပ္ပိယအနေနဲ့ မြဝတီမြို့ကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီနောက်ပိုင်း မြဝတီမြို့မှာပဲ အခြေချနေထိုင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ 

 “သူက အဲ့ကတည်းက မပြန်တော့ဘဲ မြဝတီက လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး လက်နက်ပွဲစားလုပ်တာ၊ မြန်မာတပြည်လုံးကို လက်နက်ဖြန့်နေတာလည်း သူပဲ၊ ကျည်တွေရော အကုန်ပေါ့၊ သူက မြို့ခံလည်း မဟုတ်ဘူး။ မြဝတီမှာလည်း မဘသ ဂိုဏ်းခေါင်းဆောင်ပေါ့” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 

သူဟာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလွန်ကြည်ညိုသူ ဖြစ်ပြီး သူ့သားအငယ်ဆုံးကိုတောင် မင်းအောင်လှိုင်လို့ နာမည်ပေးထားသူ ဖြစ်တယ်လို့ သိရပါတယ်။ 

အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဟာ မြဝတီမြို့မှာ သက်ငယ်မုဒိန်းမှုတွေ ကျူးလွန်ထားတဲ့  မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိုင်းမျိုးညွှန့်ဦးဆိုသူနဲ့လည်း ဆက်ဆံရေး အလွန်ကောင်းမွန်သူ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎မှ စစ်မှုထမ်းဆင်း စစ်သား (၄) ဦး K.N.L.A တပ်မဟာ(၄) ၊ တပ်‌ရင်း(၁၁) ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဆင်း စစ်သား ၄ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။