ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ပဲခူးရိုးမ၊ မြို့ချောင်း-စိန့်ကန့်လန့် ရိုးမဖြတ်လမ်းဘေး ဘန့်ဘွေးကုန်းရွာရှိ စစ်သားနဲ့ ရဲ အင်အား ၃၀ နီးပါး တပ်စွဲထားတဲ့ အကြမ်းဖက်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီခွဲကျော် ဖြစ်ပွားခဲ့ပြီး ဂိတ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းလှအခြေစိုက် အမှတ် (၁) ခြေလျင်တပ်ရင်း ကနေ အင်အား ၁၀၀ ကျော်လောက် စစ်ကူတက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ကူပေးမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ 

“မနက်၅နာရီလောက် ဝင်တိုက်တာ၊ ၆နာရီခွဲလောက်မှာ စခန်းသိမ်းဖို့လုပ်တယ်။ အဲ့အချိန် ခလရ ၁ ကနေ စခ ၁၀၀ကျော်က လက်နက်ကြီးတွေပစ်ပြီး တက်လာလို့ ပြန်ဆုတ်လိုက်ရတာပါ။ ဂိတ်ကရွာအရှေ့မှာရှိတာ၊ တိုက်ပွဲကပြင်းထန်တယ်။ သူတို့ (စခ) ဘက်က လက်နက်ကြီး တော်တော်သုံးပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက ဦးစီးပြီး တပ်ခွဲ ၁ Dragon Brothers GBK PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF၊ သာယာဝတီခရိုင် ပကဖတိုက်ခိုက်ရေး၊ တပ်ရင်း တပ်ခွဲ ၃ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Video – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

0 Shares:
You May Also Like
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ အက်ဆစ်တင်လာသည့် ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်၊ ယာဉ် ၅ စီး ပျက်စီးပြီး စစ်ကောင်စီလက်အောက်ခံ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

ရန်ကုန်မြို့ ဆိပ်ကမ်းကနေ ဆာလ်ဖျူရစ်အက်ဆစ်သယ်လာတဲ့ တွဲကား ၂၈ စီးနဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ တွဲကား ၁၈ စီး၊ ဂျန်ဘာယာဉ် ၅ စီးတို့ကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေး Sky Villa ပြိုကျမှုအတွင်း ပိတ်မိနေသူတွေ အော်ဟစ်အကူအညီတောင်းခံ (ရုပ်/သံ)

အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အိမ်ရာအတွင်း ပိတ်မိနေသူတွေက ကယ်ဆယ် ပေးကြဖို့ အော်ဟစ်အကူအညီတောင်းနေကြတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူက ဆိုပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။