မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက ရေစကြိုမြို့နယ်တောင်ဘက်၊ ဟင်္သာရွာကို ပခုက္ကူတပ်မ ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဟင်္သာရွာနေ ဦးဖိုးကျော် အသက် (၄၈) နှစ်နဲ့ ကိုချစ်ကို အသက် (၃၀) နှစ်တို့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် (၅၅) နှစ်အရွယ် အမျိုးသား ၁ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၄) ရက်၊ ဒီနေ့ မနက်ပိုင်းမှာလည်း သမန္တပို့ရွာတောင်ပိုင်းကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်လည်း အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ၁ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

“သတင်းကအမှန်ပါ။ မအလ စခတွေရဲ့ ယုတ်မာရက်စက်ပြီး အကြောင်းမဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။” လို့ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရေစကြိုမြို့နယ်အတွင်း စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိနိုင်မယ့် နေရာတွေဆီ ၁၂၂ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာအပြင် အခုလို အရပ်သားနေထိုင်ရာကျေးရွာတွေထဲ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ နေအိမ်တွေကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပစ္စည်းခိုးယူတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မိုင်းထောင်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး YOMA (GBK) PDF တပ်ဖွဲ့ တပ်စုမှူး ရဲဘော်ကြယ်ကြီးနှင့် ရဲဘော်ရှိုင်းလေးတို့ ကျဆုံးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ မိုင်း Error (ချို့ယွင်းချက်)ဖြစ်ပြီး ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ YOMA (GBK) PDF တပ်ဖွဲ့ရဲ့ တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ကို အစဥ်အောက်မေ့ သတိရနေမယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်းထုတ်ပြန် ထားပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။