လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့မှာ ပြုလုပ်တဲ့ အဆိုပါ လှုပ်ရှားမှုမှာ ပထမဆုံးအနေနဲ့ မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ အဆိုပါ လှုပ်ရှားမှုကို လန်ဒန်မြို့နဲ့ ယူကေ တစ်နိုင်ငံလုံးက မြန်မာတိုင်းရင်းသားပေါင်းစုံလူ ၇၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြပွဲမှာ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက တက်ရောက်စကားပြောကြားခဲ့ပြီး ဆန္ဒပြပွဲကို လာရောက်အားဖြည့်ပေးတဲ့ Volunteer တွေနဲ့ တက်ရောက်လာသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ – NUG Representatives Office – United Kingdom

0 Shares:
You May Also Like
Read More

စောချစ်သူ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ ဆောက်နေပြီး ထွက်ပြေးတာ မရှိဘူးဟု BGF ပြောခွင့်ရ  နိုင်မောင်ဇော် ပြော

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 
Read More

ကမ္ဘာလုံးဆိုင်ရာ All in One Piece Movement တွင် ပါဝင်သူများကို ကျေးဇူတင်ကြောင်း ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

NUG အပါအ၀င် AA နဲ့ KIA တို့ပါ၀င်တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေလီ ဆွေးနွေးပွဲအတွက် တရား၀င် ဖိတ်ကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။
Read More

စစ်ကောင်စီကို ဖိအားပေးလည်း ဘာမှမထူးဘူး .. မြန်မာနိုင်ငံက အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးတွေအတွက် ဦးဆောင်ကြိုးပမ်းမှုတွေကို ၁၀နှစ်ကျော်အကြာမှ ပြန်လည်လုပ်ဆောင်ခွင့်ရတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်က ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း The Nation သတင်းက ဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။