ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းက ကရင်ပြည်နယ်၊ လိပ်သိုမြို့ကနေ အင်အား ၆၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တောင်ငူ-လိပ်သိုလမ်းပိုင်း၊ တောင်ငူအပိုင်၊ ထုံးဘိုကြီးရွာအထွက်မှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“၅ နာရီ ၂၀ လောက်မှာ အနီးကပ်ထိတွေ့မှုဖြစ်တာပါ။ ကိုယ့်ဘက်က စောင့်တာဆိုပေမယ့် ကိုယ်တွေပဲ အရင်ပစ်ခံရတယ်။ ကိုယ့်လူလည်းထိတယ်။ ကျနော်တို့ ပွိုင့်တွေနဲ့ တိုးတော့ သူတို့တော်တော်ထိတယ်။ ကျနော်တို့လည်း အပြန်အလှစ်ပစ်ရင်း ကျည်မလောက်လို့ နောက်ပြန်ဆုတ်ရတယ်။ အဲ့ဒါကြောင့် သေနတ်မကောက်နိုင်ခဲ့ဘူး” လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၉ ယောက် ပွဲချင်းပြီး သေဆုံးကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်အထိ ရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေကို စစ်အုပ်စုက ပဒဲရွာနဲ့ ထုံးဘိုကြီးရွာတွေဘက် လူနာတင်ကားတွေနဲ့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

ဒါ့အပြင် ကမ်းနီကြား ဒေသကာကွယ်တပ်ဖွဲ့ဝင် ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာကိုယ်စီရခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ စစ်တပ်စစ်ကြောင်း အထိနာပြီး ပဒဲကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက် တောင်ငူအခြေစိုက် ခမရ ၃၉ တပ်ကနေ အင်အားရာနဲ့ချီ ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထပ်ထိုးဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ တောင်ငူမြို့နယ်အတွင်းက ကေတုမတီလေတပ်စခန်းကို ဝရဇိန်၊ BMW စတဲ့ တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ထားခဲ့ရာမှာ ထိခိုက်မှုတွေရှိထားတဲ့ စစ်အုပ်စုအနေနဲ့ လေတပ်ပတ်ဝန်းကျင် နယ်မြေတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်ငူ-လိပ်သိုလမ်းပိုင်းအပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်၊ အနောက်ဘက်က ရေတာရှည်နဲ့ တောင်ငူမြို့နယ်အတွင်းကို စစ်အုပ်စု အင်အားတွေဖြည့်တင်းကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး အရပ်သားတွေ သတိပြုနေထိုင်ကြဖို့လည်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ် တစ်ယောက် တော်လှန်ရေးအဖွဲ့ ရောက်လာလို့ အိမ်သာထဲ ဝင်ပုန်းပေမယ့် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

မင်းရွာက စစ်ကောင်စီတပ်ကို စခန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ရေလယ်ကျွန်းဒေသ၊ မင်းရွာကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျည်အင်အားနည်းပါးတာကြောင့် စခန်းသိမ်းတိုက်ပွဲတော့ မဆင်နွှဲနိုင်ခဲ့ဘူးလို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း NUG တရားဝင်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ (၇) ရက် မနေ့က ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။