မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့်သူများကို အရေးယူမှာဖြစ်ကြောင်း နဲ့ ပြည်သူလူထုအနေနဲ့လည်း ၎င်းတို့ကို social punishment ပြုလုပ်နိုင်ဖို့ အသိပေးသည့်အနေနဲ့  မုံရွာမြို့နယ်အတွင်းရှိ နေရာတော်တော်များများမှာ နယ်မြေခံတော်လှန်ရေးအင်အားစုများက ဒီကနေ့  ဒီဇင်ဘာ ၁၄ ရက်မှာ Vinyl Billboard များထောင်ကာအသိပေးခဲ့တယ်လို့ သိရပါတယ်။

“ကာကွယ်ရေးတပ်တွေအနေနဲ့ ဖမ်းဆီးတာမျိုးပဲလုပ်ပြီး အရေးယူတဲ့အပိုင်းကတော့ တရားရေးက ဆောင်ရွက်မှာပါဗျာ။ အခုကတော့ ဖမ်းဝရမ်းလိုမျိုး ကြော်ငြာတဲ့သဘောပဲဗျ။ နောက်ပြီး ပြည်သူလူထုအနေနဲ့လည်း အဲ့လူတွေကို social punishment ပြုလုပ်နိုင်ဖို့ အသိပေးကြေညာတဲ့သဘောပါဗျ” လို့ အဆိုပါမုံရွာနယ်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်အုပ်စုက ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံချင်ကြတဲ့  နိုင်ငံရေးအောက်တန်းစားတွေကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့  ဒီမိုကရေစီအခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူမယ့်အကြောင်း အသိပေးကြော်ငြာခြင်းဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဝမ်းတွင်း စစ်တပ်မှ တပ်ကြပ် ၁ ဦးနှင့် စလင်းအခြေစိုက် ခလရ ၂၅၃ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။