ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B – 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးအနှံ့အပြား တိုက်ပွဲများ ပြင်းထန်လာတာနဲ့အမျှ အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာ၊ အရပ်ဘက်နဲ့ စစ်ရှောင် စခန်းတွေကိုပါ တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

ယခုဖယ်ရှားခဲ့တဲ့ ဗုံးဟာ အကြမ်းဖက်စစ်တပ်က အထူးပြုစစ်ရေးသုံးပစ်မှတ်မဟုတ်တဲ့ ကျေးရွာအတွင်းကို ကြဲချခဲ့တဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။

Video – Karenni Nationalities Defense Force B – 05

0 Shares:
You May Also Like
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မော်ဖိုးကေတပ်စခန်းကို KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့က စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းက စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ထိုင်းသတင်း Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

နှစ်သစ်ကူးည ပျဉ်းမနားမှာ မီးလောင်ပြီး လူဦးရေ ၃၄၀ ကျော် မီးဘေးသင့် (ရုပ်/သံ)

နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး လူဦးရေ ၃၄ဝ ကျော် မီးဘေးသင့်ကာ အကူအညီတွေလိုအပ်နေတယ်လို့ မိုးစေတနာပရဟိတအသင်းက အသိပေးထားပါတယ်။