တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်အုပ်စုအထိုင်ချ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်မနေ့က ရေဖြူမြို့နယ်အတွင်း စစ်အုပ်စု အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။

အပြန်အလှန်ပစ်ခတ်မှု ၁နာရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင်းမှာ စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ကူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်သိမ်းဆည်းရမိတာ မရှိခဲ့ပေမယ့် စာရွက်စာတမ်းနဲ့ laptop တွေ သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်သေဆုံးအခြေအနေတွေနဲ့ အခြားအသေးစိတ်တွေကို မကြာခင်ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

Video-Myat Ko Ko
0 Shares:
You May Also Like
Read More

မင်းကွန်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၁လကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ ရတနာပုံတပ်ဦးက သတင်းထုတ်ပြန်ထားပါ တယ်။
Read More

ငါန်းဇွန်​မြို့အတွင်း အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ တောင်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်  ၃ စီးကို ထွန်သာရွာနဲ့ ဂျိုရွာကြား ပွိုင့် ၂ ပွိုင့်နဲ့ မိုင်း ၈ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YouthGuerrilla CounterRevolution-NZ (LPDF) အဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး ရဲ ၃ ယောက်သေ၊ ၉ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ထံက သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်သေဆုံးကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ တပ်သား ၄၀ ခန့်သေပြီး စခန်းစွန့် ထွက်ပြေးမှုများနှင့် မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။