တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ရှိ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားကာ သေဆုံးသူတွေကို ၃၀၆ တပ်ထဲ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီတိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ကျွန်းစုမြို့နယ်ပကဖ ၊ တနသ်ာရီမြို့နယ်ပကဖ ၊ Drogon Square ဒရုန်းလက်ရုံးတပ် ၊ KNLA -တပ်ရင်း(၁၁) နဲ့ ဗိုလ်ခရင်းတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''
Read More

စလင်းမြို့နယ် အကြမ်းဖက်စစ်တပ် အထိုင်ချဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်အုပ်စု ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအထိုင်ချဂိတ်စခန်းကို မတ်လ ၄ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေး လွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ-၉၄ ကိုယ်ပိုင်အမှတ်- တ/၄၁၄၉၁ တပ်ကြပ်- ခင်မြင့်၏ ပြောကြားချက် (ရုပ်/သံ)

''တပ်ထဲရောက်မယ့် ရဲဘော်တွေကို ပြန်ပြီး မောင်းထုတ်ချင်ပါတယ်.. မဝင်ဖို့အတွက်ကို။ ကိုယ့်တူ ကိုယ်သားအရွယ်သာဆိုလိုရှိရင် တစ်ခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ်လိုက်ချင်တယ်။ ကိုယ့် ကိုယ်တိုင်လည်း ဒီမှာ ကြုံတွေ့နေရတဲ့အတွက်ကြောင့်မလို့ သူတို့လည်း ဒုက္ခမပေးချင်ဘူး။ ကိုယ်တောင်မှာ ဒုက္ခခံစားလို့ ဝဋ်ကြွေးမကုန်သေးသ၍ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ"
Read More

ကသာမြို့ ခမရ ၃၀၉ မှ အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၃၃ ယောက် သေပြီး ၃၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

သိန္နီမြို့ ဓာတ်ဆီဆိုင်မီးလောင်မှု ရဲဝန်ထမ်းအင်အား တစ်ဝက်နှင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီခန့်က မြို့ဦးဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ် MNDAA သတင်းပြန်ကြားရေး The Kokang ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကောက်မတီထံက သိရပါတယ်။