မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အသေခံဒရုန်းတွေအသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မြိုင်ပကဖ ထံက သိရပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။

စစ်ကြောင်းဟာ ကပစ – ၂၄ ကနေ ပေါက်မြို့နယ်၊ ရွှေဘုံသာပျူစောထီးကျေးရွာကို အရင်ဆုံးရောက်ရှိခဲ့ပြီး အဲ့ဒီကမှတဆင့် ချောင်းဝကျေးရွာကို ဖြတ်ကာ ဝက်ပုတ်ကျေးရွာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၁ရက်နေ့မှာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ပါ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူ ၁ယောက်ကပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရှိရာဆီကို အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပြီး ပျက်ကျထားတဲ့ ဒရုန်းတွေရဲ့ပုံရိပ်တွေကိုလည်း မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

တဆက်ထဲမှာပဲ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်းကြောင့် စစ်အုပ်စုဝင် ၅ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“မြိုင်နဲ့ပေါက်က အကြမ်းဖက် စစ်ကြောင်းတွေနဲ့ တောက်လျှောက်ဆိုင်နေရတဲ့သဘောပါ။ အခုလည်း ပေါက်ဘက်အပြင် ပခုက္ကူတပ်မ ၁၀၁ကနေ ထပ်ထွက်လာတာရှိတယ်။ ထိတွေ့မှုတွေက ပြောလို့မရပေမယ့် စစ်ရေးကတင်းမာနေပါတယ်” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ စစ်အုပ်စုတွေဟာ ဝက်ပုတ်ကျေးရွာထဲ ရောက်ရှိသွားသလို သူတို့အသုံးပြုနေတဲ့လမ်းတွေ ပြုပြင်ဖို့ဆိုကာ ချောင်းကူးနဲ့ ပျမရွာက အမျိုးသားတွေကို ချောဆွဲခေါ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါစစ်ကြောင်းဟာ ကျွန်းတိုင်း၊ ပျမနဲ့ ချောင်းကူးရွာတွေထဲကိုပါ ဝင်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့အရပ်သားပိုင် စားနပ်ရိက္ခါတွေကိုပါ လှည်းတွေနဲ့သယ်ယူသွားခဲ့ကြောင်း သိရပါတယ်။

တဖက်မှာလည်း အဲ့ဒီစစ်ကြောင်းနဲ့လိုက်ပါလာတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၁ယောက်ဟာ ဒီဇင်ဘာလ ၁၂ရက်နေမှာ တော်လှန်ရေးတပ်တွေဆီကို လက်နက်နဲ့ထွက်ပြေး အလင်းဝင်ရောက်လာခဲ့ပါတယ်။

ပုံစာ- ပျက်ကျထားသည့် စစ်အုပ်စု၏ ဒရုန်းအစိတ်ပိုင်းများအားတွေ့ရစဥ်
ပုံ-မြိုင်ပကဖ
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

စက်တပ်လေထီး ပစ်ချခံထားရသည့် မြိုင်နှင့်ပေါက်အစပ်တွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်အုပ်စုဘက်အထိနာပြန်ဆုတ်သွား

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ စစ်တပ်ရဲ့ ပါရာမော်တာ စက်တပ်လေထီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီးတဲ့နောက် အဆိုပါ နေရာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

တောင်သာမြို့နယ် သံဘိုရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ သံဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။