မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ပြည်သူ့စစ်တပ်သား ၁ယောက် လက်နက်ခဲယမ်းတွေယူဆောင်ပြီး တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ပေါက်မြို့နယ်၊ ဝက်ပုတ်ရွာကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူ့စစ်မှုထမ်းတပ်သား ၁ယောက်ဟာ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ မြိုင်ပကဖ၊ ပေါက်ပကဖ နဲ့ Magway PDF တို့ထံထွက်ပြေးအလင်းဝင်ရောက်လာတာဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူဟာ စတခ (၄) ပင်လောင်း အပတ်စဉ်ဆင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်ဇာတိဖြစ်ကြောင်းနဲ့ မိတ္ထီလာအခြေစိုက် တပ်မ ၉၉မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာသူနဲ့အတူ MA-4 သေနတ် (၁) လက်၊ ကျည်ဘောက် (၄) ဘောက်၊ ၎င်းကျည် (၉၂) တောင့်လည်း ပါဝင်ခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းဝင်ရောက်ရင်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေဖြစ်နေခဲ့တာပါ။

အဆိုပါ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ရင်းတွေထံကနေ ပြည်သူ့စစ်မှုထမ်းအပါအဝင် သန္ဓေစစ်သားနဲ့ ပျူစောထီးတွေ ကိုယ်လွတ်ရုန်းထွက်ပြေးကြရင်း တော်လှန်ရေးတပ်တွေဆီ ချိတ်ဆက်အလင်းဝင်ရောက်တာ၊ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာမျိုးတွေလည်းရှိနေပါတယ်။
မြိုင်ပကဖအနေနဲ့လည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ အကြမ်းဖက်စစ်ကြောင်းတွေကနေ ပြေးလာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ရာဂဏန်းနီးပါးကို လက်ခံထားရှိထားပြီး သုံ့ပန်းအဖြစ် ဖမ်းမိသူတွေကို စစ်ရေးအရအရေးယူထားသလို အလင်းဝင်ရောက်လာသူတွေကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောပါတယ်။

“အလင်းဝင်တဲ့သူတော်တော်များများက ပြန်တိုက်မယ်ပြောတယ်။ ကိုယ့်နယ်ခံဆိုရင်တော့ စိတ်ချရရင် ကျနော်တို့နဲ့အတူ ရှေ့တန်းမှာအတူတိုက်ဖို့တာဝန်ပေးတယ်။ နယ်ခံမဟုတ်ရင်ကျ နောက်တန်းမှာပဲ စီမံပေးတယ်။ ဒါကိုကျေနပ်ကြပါတယ်။ ကမ့်တစ်ခုအနေနဲ့ ထားထားပေးတယ်။ နောက်တန်းကနေ လုပ်ပေးဖို့ထားရတာပေါ့” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲမှာ တော်လှန်ရေးတပ်တွေဆီက သတင်းနှိုက်သူတွေလည်းပါဝင်ကြောင်းနဲ့ စိတ်ဓာတ်ကိုယ်ကျင့်တရားဆိုင်ရာ အားနည်းတဲ့ သန္ဓေစစ်သားအများစုကိုတော့သတိထားပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းရကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပြပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်နဲ့ပေါက်အစပ် ကျေးရွာများကို စစ်ကောင်စီ ညသန်းခေါင်ယံ ဗုံးကြဲ၊ အရပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အစပ်၊ လက်ပံတို ရေနံမှော်အနီးရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။