ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်မြောက်ဦးက ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊အကြမ်းဖက်စစ်တပ်က ဒေသခံတွေနေထိုင်တဲ့ အခြားရခိုင်ကျေးရွာတွေကို နိုင်ငံတကာကသုံးစွဲခွင့် ပိတ်ပင်ထားတဲ့ ဆင့်ကဲဗုံး (cluster) ဗုံးတွေနဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီကနေ ညသန်းခေါင်အချိန်အထိ အာရက္ခတပ်တော်( AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွင်းက အရပ်သားများနေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က ဆင့်ကဲဗုံး (cluster) များအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

ပုဏ္ဏကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာဝန်းကျင်၊ ပေါက်တောမြို့နယ် သံခုံရွာဝန်းကျင် မြောက်ဦးမြို့နယ် ရဲတပ်ရင်း (၃၁) ဝန်းကျင်၊ ရသေ့တောင်မြို့နယ် အငူမော်နဲ့ မူစဲကျွန်းဝန်းကျင်များဆီကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်ပါတယ်။

“အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ cluster ဗုံးအပါအဝင် ရော့ကတ်တွေနဲ့ တိုက်ခိုက်နေတယ်။ လေကြောင်းရန်အထူးသတိထားကြဖို့လိုတယ်လို့ သတိပေးထားသလို၊ သေဆုံးဒဏ်ရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ထပ်မံ တင်ပြပေးမယ်” လို့လည်း အာရက္ခတပ်တော် (AA) ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၁၆ ဦးနဲ့ အမျိုးသား ၁၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသလို၊ ပြင်းထန်ဒဏ်ရာသူ ၇၆ ဦးရှိတယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ မြောက်ဦးဆေးရုံပျက်စီးသွားတာကြောင့် ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ပိုမိုဆိုးရွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့မှာ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထိ ပြုလုပ်ထားပြီး အရပ်သားပြည်သူ ၉၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၉၀ ဦးရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေ ထိခိုက်စေနိုင်တဲ့နေရာကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတယ်လို့လည်း ဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

မင်းကွန်းတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ (၁၁၆) မှ ဗိုလ်ကြီး မင်းထွန်းစိုးအပါ ၅ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။
Read More

သာမညမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ အနီးကပ်ထုခံရ

ကရင်ပြည်နယ်၊ သာမညဒေသမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဟိုက်ဂျက်ကား RPG နဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။