ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လည် ၁၁ နာရီအချိန်မှာ ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာ နဲ့ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ နှစ်ရွာပေါ်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

“သူတို့က ရွာတွေထဲကို ပစ်သွားတာ။ ဂျိုင်ရိုကော်ပတာနဲ့က ကျောက်ကြီးဘက်ခြမ်းနဲ့ အနောက်ဖက်ခြမ်း ကျောက်တံခါးဘက်ကို ကြဲချသွားတာ၊ ရွာက ကျောက်စရစ်ရွာ တရွာထဲပဲ၊ မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းဆိုပြီး ကွဲသွားတာ၊ ဘုန်းကြီးကျောင်းတွေလည်း ထိကုန်တယ်”လို့ မြေပြင်ရဲဘော်တစ်ဦးက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာက နေအိမ်တွေ ပျက်စီးပြီး ကျောက်စရစ်ဘုန်းတော်ကြီးကျောင်းလည်း လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သံဃာ ၁ပါးနဲ့ ကျေးရွာအတွင်းက အသက် ၇၆ နှစ်အရွယ် ဒေါ်စိန်မြိုင်တို့ အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ဦးဇင်းကျော်ဝင်း ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သလို အသက် ၁၂ နှစ်အရွယ် မောင်နေဇော်အောင်လည်း ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်တပ်ဟာ ပေါင် ၅၀၀ ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းက ရွာသား ၁ ဦး သေဆုံးခဲ့ကာ နွား ၆ကောင်လည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အခုဒီမှာ ဗုံးကြဲသွားတဲ့ နှစ်နေရာလုံးက ဘာတိုက်ပွဲမှ မရှိဘူးလေ။ PDF တွေရှိတဲ့ရွာလည်း မဟုတ်ဘူး။ ဒီဘက်ရွာတွေကတော့ သူတို့မစိုးမိုးနိုင်တော့ဘူးလေ။ ရွာတိုင်းရွာတိုင်းကို လက်နက်ကြီးတွေနဲ့ လှန်းပစ်နေတာလည်း ရှိတယ်။ ဒီမှာကတော့ စစ်ရေးက ငြိမ်သက်နေပါတယ်။ ဒါပေမယ့် အခုလိုမျိူး လက်နက်ကြီးပစ်တာတို့၊ လေယာဉ်နဲ့ လာကြဲတာတို့၊ ဂျိုင်ရိုကောက်ပတာနဲ့ လာပစ်တာတို့တော့ မကြာမကြာရှိနေပါတယ်”လို့ သူက ဆိုခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက် တောင်းဆိုတိုင်း တပ်မတော်က လိုက်လျောခဲ့တဲ့ အစဉ်အလာ မရှိ၊ စစ်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာစည်ထောင်နဲ့ ရဲကင်းက စစ်အုပ်စုတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တောင်သူများထံမှ မိုးရာသီစိုက် ဘဏ်ချေးငွေများ တောင်းခံခြင်းမပြုလုပ်ရန် လက်ပံတန်း ပကဖ ထုတ်ပြန်

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။