စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို “အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ”၊ “စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့”၊ “မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့”၊ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ “ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Video-ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင် ကား ၁ စီးနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချရှင်းလင်း (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မိုးကံရွာရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၁ စီးနဲ့ စစ် ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ရှင်းလင်းခဲ့တယ်လို့ 27 Revolution Forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ တပ်ရင်းရိက္ခာအတွက် ဆောင်းရာသီ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ် (ရုပ်/သံ)

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက တပ်တွင်းလိုအပ်တဲ့ ရိက္ခာဖြည့်တင်းနိုင်ဖို့ ‌‌ဆောင်းရာသီ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးထားပုံကို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

အလုပ်သမားထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို အရေးယူပေးဖို့ တောင်းဆို (ရုပ်/သံ)

ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။